"ကျွန်တော်ဒီကနေဘဲ ကျွန်တော်သိပ်မြတ်နိုးရတဲ့ကလေးလေးကိုတောင်းပန်ပါတယ်။ အဲ့တာကြောင့် ကျွန်တော်ကိုခွင့်လွှတ်ပေးဖို့ဝိုင်းပြောပေးကြပါ"
စင်ပေါ်ကနေလေးလေးနက်နက်ပြောနေသည့် သမုအတ္တညိုဆိုသူကဒီလိုလဲ ရိုမက်တစ်ဆန်တက်သည်လား။
All"ခွင့်လွှတ်လိုက်ပါ"
စင်အောက်ကလူများကသမုသဘောအတိုင်း ပြောပေးကြသည်။ ဘယ်သူလဲဆိုတာမသိပေမယ့် သမုရဲ့ချစ်တက်မှုကြီးကိုကြည့်ပြီးဝိုင်းပြောပေးကြသည်။
သမုကစင်ပေါ်ကနေင်ေးလာကာ ခေတ်သွေးတို့ထိုင်သည့်ထောင်ဆုံးဝိုင်းနားကိုလာကာခေတ်သွေးလက်ကို အသာကိုင်ကာ ဆင်ပေါ်သို့လိုက်ခဲ့ရန်အတင်းခေါ်ပါတော့သည်။
စင်ပေါ်ကိုခေါ်တော့ချက်ချင်းပါသွားသည့် ခေတ်သွေးကိုသျှားထက်ကြောင်အအလေးကြည့်မိသည်။ လူတွေများအပြောင်းလဲကလဲမြန်ပါ့။ စော်မရှိတဲ့လူကိုမည်းနည်းမှအားမနာဘူးဟုစိတ်ထဲကနေသာ ပွစိပွစိပြောနေလိုက်သည်။
"အချစ်...ကိုကို့ကိုခွင့်လွှတ်ပါတော့နော်"
ခေတ်သွေးလက်ကလေးကိုကိုင်ကာ ဒူးထောက်ကာ ကိုထားသည့်လက်ကလေးကိုနူးညံ့သည့် အနမ်းတစ်ပွင့်ပေးလိုက်သည်။
"ဟင်..သမု မင်းမရှက်ဘူးလားထစမ်းပါ လူတွေကြည့်နေတယ်လေ"
"မရှက်ပါဘူး အချစ်စိတ်ဆိုးပြေဖို့သာအဓိကဘဲ"
"ငါမင်းကိုစိတ်မဆိုးဘူးဟုတ်ပြီလားအခုထတော့ "
"အချစ် တကယ်ပြောတာလား"
ဒူးထောက်ထားရာကနေထလိုက်ပြီး ခေတ်သွေးလက်နှစ်ဖက်ကိုကိုင်ကာ မေးသည်။
"အင်း ဒါပေမယ့် သျှားထက်ကိုတော့တောင်းပန်ရမယ် မဟုတ်ရင်ငါမင်းဆီပြန်မလာဘူး"
"အင်း တောင်းပန်မယ် အခုတော့နမ်းလို့ရမလား မနမ်းရတာကြပြီ"
စင်ပေါ်မှာနမ်းဖို့လုပ်နေသည့်သမုကို ခေတ်သွေးလက်ညှိုးလေးနှင့် နှုတ်ခမ်းကိုတားလိုက်သည်။
"စင်ပေါ်မှာလေ အခန်းထဲရောက်မှနမ်း"
"အဟမ်းးးတကယ်လားအချစ်"
![](https://img.wattpad.com/cover/361696065-288-k395809.jpg)