ကွန်ဒိုရှေ့ကိုရောက်တော့ သမုကကားပေါ်ကနေဆင်းသွားသည်။ ခေတ်သွေးကိုအနောက်ကပါလာသည်ထင်လို့လှည့်ကြည့်လိုက်တော့ ခေတ်သွေးကကားထဲကနေမဆင်း ငုတ်တုပ်ကြီးထိုင်နေလေရဲ့ ။
"ကျစ် ! အဲ့မှာဘာလုပ်နေတာလဲ "
"ထိုင်နေတာလေ မမြင်ဘူးလား"
"မြင်တယ် မဆင်းဘူးလားလို့မေးတာ ဆင်းလာခဲ့"
"မဆင်းဘူး ငါ့အိမ်ပြန်မယ်"
ခေတ်သွေးက ကလေးတစ်ယောက်လို မျက်နှာချိုသွေးကာ သမုကိုပြောသည်။သို့ပေမဲ့သမုကလက်မခံ...
"ခများကိုယ့်ဘာသာဆင်းလာမလား ကျုပ်လာချီရမလား"
ဘာမျှပြန်မဖြေသည့်ခေတ်သွေးအားစိတ်မရှည်စွာ ကားတံခါးကိုဖွင့်ကာ ကောက်ပွေ့ကာ ကွန်ဒိုထဲကိုချီလာခဲ့လိုက်သည်။
"အား...ငါ့ကိုအောက်ချပေး...အခုချပေး"
သမုရဲ့လက်ထဲမှာ ရုန်းနေတဲ့ခေတ်သွေးကိုသမုစိတ်မရှည်။ကွန်ဒိုအခန်းထဲရောက်တာနဲ့ ဆိုဖာပေါ်သို့ပစ်ချလိုက်သည်။
"အား...ဘာ ...ဘာလို့ပစ်ချတာလဲ"
"ခများပဲ ချပေးဆို"
မျက်ခုံးတစ်ဖက်ပင့်ကာ ပြောနေသည့်သမုကတကယ်ရိုက်ပစ်ချင်စရာ...
"မင်း..."
"ရှူး...တိပ်တိပ်နေ နားညီးတယ်"
ခေတ်သွေးနားကပ်ကာ ခေတ်သွေးနှုတ်ခမ်းလေးကို လက်ညိုးနဲ့ဖိပြောသည့် သမုကြောင့် ခေတ်သွေးမျက်လုံးလေးဝိုင်းစက်ကာ သမုကိုပြန်ကြည့်နေမိသည်။နှစ်ယောက်သားအကြည့်ချင်းဆုံနေရင်း သမုကခေတ်သွေးနှုတ်ခမ်းကိုတဖြည်းဖြည်းထိကပ်လာသည်ကြောင့် ခေတ်သွေးမျက်လုံးများကိုစုံမှိတ်ထားမိသည်။
I need a lover to keep me sane ~~~
"ကျစ် ! ငါလိုး...ဖုန်းကဘာကိစ္စလာရတာလဲကွာ"
နမ်းနေရင်း ဖုန်းတစ်ခုဝင်လာသည်ကြောင့် အချိန်ကောင်းကိုမှနှောက်ယှက်သည့်ဖုန်းကိုသမုရိုက်ခွဲပြစ်ချင်လောက်အောင်ဒေါသထွက်မိသည်။
ခေတ်သွေးကတော့ ကြောင်တောင်တောင်ဖြစ်သွားကာ ရှက်လာသည်ကြောင့်မျက်နှာပင်နီရဲနေသည်။