French ကိုသွားဖို့အတွက်လေယာဉ်လက်မှတ်လဲရပြီးပြီ။အခုလေယာဉ်ကွင်းကိုလည်းရောက်ပြီ။ခေတ်သွေးက သူ့မှာအင်္ကျီအပိုမရှိတာကြောင့် သမုရဲ့အင်္ကျီနဲ့ဘောင်းဘီအတိုကိုသာ ဝတ်လျက်ပင်။သူတို့နှစ်ယောက်ကိုကြည့်ရသည်က သားအဖလိုပင်ဖြစ်နေသည်။သမုကခေတ်သွေးထက်အရပ်အနည်းငယ်မျှပိုရှည်ပြီးခန္ဓာကိုယ်ကလဲ body ကလဲအမိုက်စားပေ။ခေတ်သွေးကအကောင်ညှပ်ရုံမက အရပ်ကလဲသမုထက်ပုသည်။ရုပ်လေးကလဲနုနုဖက်ဖက်လေးနှင့်ပင်။
"ဘာလို့အဲ့ဘောင်းဘီအတိုကိုမှရွေးဝတ်တာလဲ ဘာလဲမင်းရဲ့ခြေသလုံးသွယ်သွယ်တွေကိုကြွားချင်နေတာလား"
"မဟုတ်ပါဘူး "
ပေစောင်းစောင်းဖြင့်ပြန်ပြောသည့်ခေတ်သွေးကတကယ်ကိုကိုက်စားပစ်ချင်စရာ။
"မဟုတ်ရင် ဘာလိုအရှည်မဝတ်တာလဲ ကျုပ်ဆီမှာအရှည်တွေမှအများကြီးကို"
"မင်းဘောင်းဘီ အရှည်တွေဆိုငါရင်ဘက်ထိတက်ဝတ်ရလိုမဝတ်ချင်တာ ဒီမှာကြည့်မင်းဘောင်းဘီအတိုဆုံးတောင်ငါနဲ့ဒူးထိရောက်တယ်လေ"
"ဟိုနေ့ကဝယ်ပေးမလို့ပဲလေ ခေါင်းကိုက်တယ်ဆိုလို အိမ်ပဲပြန်လိုက်တာလေ"
နှစ်ယောက်ထဲအပြန်အလန်စကားစစ်ပွဲလုပ်နေတုန်း လေယာဉ်ထွက်မယ့်ကြောင်းပြောလာသည်ကြောင့်နှစ်ယောက်စကားစစ်ပွဲကိုခနမျှရက်နားလိုက်သည်။
သူတို့နှစ်ယောက်လေယာဉ်ပေါ်ရောက်သည်အထိစကားမပြောကြ။လေယာဉ်စထွက်ထဲကခေတ်သွေးကအိပ်နေလေရဲ့။သမုကတော့ ခေတ်သွေးကိုအရိပ်တကြည့်ကြည့်နှင့် သမုရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုချင်းဆီကိုလိုက်ကိုင်နေမိသည်။
"နှုတ်ခမ်းလေးက အိနေတာပဲ။ပါးလဲကလဲနုဖက်နေတာပဲ။နှာတံလေးကလဲဆင်းနေတာပဲ့။မင်းနှာတံပေါ်ကမဲ့လေးကငါသာဖြစ်လိုက်ချင်တာ။ဟွန့်...အဲ့မှဲ့က ငါ့ထက်သာနေတာပေါ့"
ဘာမဟုတ်တဲ့မှဲ့လေးနဲ့တောင်သဝန်တွေဇွတ်တိုနေသည့်သမု။သူ့ဟာသူပြောပြီးသူ့ဟာသူစိတ်တိုနေသည်။ခေတ်သွေးကတော့မသိ အိပ်မောကျနေလေသည်။
France ကိုလေယာဉ်ဆိုက်တော့ သူတို့ကိုလေဆိပ်မှာကောင်လေးတစ်ယောက်ကလာကြိုသည်။