စေ့စပ်ပွဲပြီးလို့ နောက်တစ်ပတ်နေရင် မင်္ဂလာပွဲကလုပ်တော့မှာဆိုတော့ မင်္ဂလာဝတ်စုံ သွားဝယ်ရမည်ဖြစ်သည်။
"ကိုကို နှင်းတို့ဘယ်ဆိုင်မှာ ဝယ်ကြမလည်းဟင်"
(ရွံစရာကောင်းလိုက်တာ)
"မနှင်းပွင့်လွှာ ကျွန်တော်ကိုကိုကိုလို့မခေါ်ပါနဲ့ ကျွန်တော်မကြိုက်ဘူး"
ဟုတ်ပါသည် 'ကိုကို' ဆိုသည်က တိမ်လွှာခေတ်သွေးအပိုင်နာမ်စားလေးတစ်ခုဖြစ်သည်။ထိုနာမ်စားကို တိမ်လွှာခေတ်သွေးကလွဲလို ဘယ်သူကိုမှမခေါ်စေချင်။
နှင်းပွင့်လွှာမျက်နှာပျက်သွားသည်။ပြီးတော့မှ...
"ဒါဆိုမောင်လို့ပဲခေါ်မယ် ဒါတော့မတားနဲ့နှင်းတို့ကနောက်တစ်ပတ်နေရင်လက်ထပ်ကတော့မှာ"
"အင်းကျွန်တော်သိပါတယ် အဲ့အကြောင်းကိုထပ်ခါထပ်ခါမပြောပါနဲ့"
"ကောင်းပြီ ဒါဆိုဘယ်ဆိုင်မှာဝယ်ကြမလည်း"
"ကျွန်တော်မစဉ်းစားတက်ဘူး မနှင်းပွင့်လွှာသာ ကြိုက်သလိုစီစဉ်ပါ"
"အင်း"
အရှေ့ကနေ သမုရဲ့ကားထဲကိုသာတက်သွားလိုက်သည်။
သူမတကယ်ကိုစိတ်ပျက်နေမိသည်။
ဘာလို့ပြန်မရနိုင်တဲ့မေတ္တာကိုမှသူမကလည်းတန်းတန်းဆွဲလိုချင်နေရသည်လည်း။
ဒီလက်ထပ်ပွဲက သူ့မဘက်ကသာလက်ခံခဲ့တာ သမုဘက်ကမယဘာမျှတောင်မပြော။အဲ့တာကပထမဆုံးစိတ်ပျက်မိတာပဲ။
မင်္ဂလာပွဲကိစ္စကိုတောင် သူမကိုပဲကြိုက်သလိုစီစဉ်ပါဆိုထဲက ဒီမင်္ဂလာပွဲကိုရှေ့မဆက်သင့်တော့ပါ။
ဒါပေအယ့် သူမအရာအားလုံးကို လျှစ်လျှူရှူ့ခဲ့သည်။
နောက်တစ်ကြိမ်စိတ်ပျက်အောင်မလုပ်ပါနဲ့ဟုသာ စိတ်ထဲကနေစုတောင်းမိသည်။မိန်းကလေးတစ်ယောက်အနေနဲ့တော့ သူနဲ့လက်ထပ်မဲ့သူက သူမအပေါ်စိတ်မရှိရင်တောင်...
သူမကိုဂရုတော့စိုက်သင့်ပါသည်ဟုတွေးမိသည်။မင်္ဂလာဝတ်စုံရောင်းသည့်ဆိုင်ထဲကိုရောက်တော့...
"မောင် ဒါလေးဘယ်လိုနေလည်း"
"မနှင်းပွင့်လွှာအဆင်ပြေရင်ယူလိုက်ပါ ကျွန်တော်ပိုက်ဆံရှင်းလိုက်ပါ့မယ်"
![](https://img.wattpad.com/cover/361696065-288-k395809.jpg)