"အ့...အင်းးးကျွတ်..ကျွတ်..ကျွတ်...နာလိုက်တာ"
ခေတ်သွေးအောက်ပိုင်းတစ်နေရာက မချိမဆန့်နာကျင်ရသည်။ထလို့လဲမရ။လှုပ်လို့လဲမရ။အရမ်းကိုနာကျင်နေသည်။
"အကို နိုးလာပြီပဲ"
"အင်း..."
"အကိုအောက်ပိုင်းက နာနေလို့လား ဟိုကောင် ကြမ်းလိုက်တာမှတ်လား"
သျှားထက်ပြောသည့်စကားကြောင့် ခေတ်သွေးမျက်နှာတစ်ပြင်လုံးနီရဲလာသည်။ဘာပြောလို့ပြောရမှန်းမသိ။ခေါင်းကိုဟိုဘက်လှည့်ဒီဘက်လှည့်လိုက်ရင်း သမုကအခန်းထဲကိုဝင်လာသည်။
သျှားထက်ကပေစောင်းစောင်းဖြင့်သမုကိုကြည့်လိုက်သည်။သမုကလဲဘာလဲဆိုတဲ့အကြည့်ဖြင့်ပြန်ကြည့်လာသည်။
"မင်း...ဘယ်လောက်တောင်ကြမ်းလိုက်တာလဲ"
"ကိုးရက်ထဲပါကွာ..."
"ဘာ ! !!"
ကိုးရက်ထဲပါဆိုတဲ့စကားကြောင့် သျှားထက်က မျက်လုံးများပြူးလျက် သူ့ကိုမယုံနိုင်သည့်အကြည့်ဖြင့်ကြည့်သည်။ခေတ်သွေးကလဲ မံကြိတ်လျက်ကြည်သည်။နှစ်ယောက်လုံးရဲ့အကြည့်ကသမုစီဒိုင်းခနဲ။မသိရင်အခုချက်ချင်းထသတ်တော့မဲ့အတိုင်းပင်။
အေ့လေ အမှားလုပ်ထားတဲ့လူကသူဆိုတော့လဲ ခေါင်းလေးငုံ့ကာမျက်နှာငယ်လေးဖြင့် ခေတ်သွေးဘေးနားကိုသွားထိုင်လိုက်သည်။"တောင်းပန်ပါတယ် ! ကိုကိုခါမကြမ်းတော့ပါဘူး "
"နောက်တစခါဆို အကိုမသတ်ရင်ငါမင်းကိုသတ်တော့မှာသိလား"
မျက်နှာချိုသွေးနေသည့် သမုကိုကြည့်မရစွာ သျှားထက်ကရွဲ့ပြောသည်။သမုကလက်ခလယ်ထောင်ပြလိုက်သည်။
"ဒီကောင်..."
"မင်းပါးစပ်ပိတ်ထားစမ်းပါ ! အချစ် အရမ်းနာနေလာဟမ်"
ခေတ်သွေးဘက်ကိုလှည့်ကာ အရမ်းတွေအကဲပိုပြနေသည့် သမုကို သျှားထက်ကြည့်မရတော့တာကြောင့် အပြင်ကိုပဲထွက်သွားလိုက်သည်။
"ခွေးကောင်...အီးးးဟီးးးနာတာပေါ့ မင်းငါကို ကိုးရက်လုံးလုပ်မှတော့ မနာပဲနေမလား သူ့အသားမဟုတ်တိုင်း အီးးးဟီးးးသူများကိုမညှာမတာ...ကိုးရက်တောင်လုပ်တယ်"