မနက်နေရောင်ခြည်နွေးနွေးတို့သည်ပြတင်းပေါက်မှန်မှတဆင့် သမုအတ္တညိုတို့ရဲ့အခန်းလေးကိုဖြန့်ကျက်လျက်...။
အိပ်ယာထဲမှ လှုပ်လှုပ်ရွရွဖြင့်နိုးလာသည့်ခေတ်သွေး။သူ့ခါးပေါ်တွင် လေးလန်နေသည့်အရာတစ်ခုကြောင့်ခါးကိုကြည့်မိတော့ သမုရဲ့လက်ဖြစ်နေသည်။သူ့ကိုတင်းနေအောင်ဖက်ထားသည်။နောက်ပြီးသူ့ရဲ့အနောက်ကိုလဲ တစ်ခုခုနှင့်ထိကပ်ထားသေးသည်။
(ဒီကောင် လူကမနိုးသေးဘူး သူ့ဟာကအရင်နိုးတယ် ငထန်ကောင်)
စိတ်ထဲမှသာ ခေတ်သွေးညီးညူမိသည်။ရှိသမျှအားကုန်ထုတ်ကာ သမုကိုတွန်းထုတ်လိုက်ပြီးမျက်နှာသစ်ဖို့သာလုပ်တော့သည်။မဖက်နှာသစ်ရင်း ရာသီဥတုပူတာကြောင့်ရေပါစောစောချိုးဖို့လုပ်လိုက်သည်။
ရေချိုးခန်းရေဇလုံထဲမှာခနမျှဝင်စိမ်နေလိုက်သည်။
ဒေါက်~~~ဒေါက်~~~
"အထဲမှာလူရှိလား"
ရေချိုးခန်းထဲမှာ လူရှိမှန်းသိသိနဲ့သမုကမေးသည်။
(ခွေးသား....
လူရှိတာသိရဲ့သားနဲ့ကိုး...)"အေ မရှိဘူးဟ့"
ခေတ်သွေးကတော့ရွဲ့ပြောလိုက်ပေမယ့် သမုကတော့ ဘာမျှမသိသည့်ပုံစံဖြင့် ရေချိုးခန်းထဲဝင်လာသည်။
"မင်း ဘာ..ဘာလာလုပ်တာလဲ"
"လူမရှိဘူးဆိုလို့ဝင်လာတာလေ"
"မင်း ပြန်ထွက် အခုပြန်ထွက်"
"ရောက်လက်စနဲ့အတူတူချိုးမယ်လေ"
ပြောရင်ဆိုရင်း bathtub ထဲကိုဝင်ထိုင်လာသည့်သမု။ခေတ်သွေးမှာတော့ ကြောင်အအလေးဖြင့်ကြည့်နေမိသည်။ဒီကောင်ကဒီလိုလဲအရှက်မဂှိလုပ်တက်သေးသည်လား...။
"ဘာမှမလုပ်ဘူး ဆပ်ပြာတိုက်ပေးမယ်"
ခေတ်သွေးဘာမျှပြန်မပြောနိုင်ခင် သမုကညင်သာစွာဆပ်ပြာတိုက်ပေးနသည်။နူးနူးညံ့ညံ့နဲ့ပင် သေချာတိုက်ပေးနေသည်။သမုအတ္တညိုဆိုသူက ဒီလိုလဲနူးညံ့တက်သည်လား...။
သးတို့ရေချိုပြီးတော့ သမုကသပတ်နဲ့လဲခေါင်းကိုသုတ်ပေးသည်။ dryer နဲ့သေချာခေါင်းကိုမှုတ်ပေးသည်။