နေ့တွေကုန်တာနှင့်အမျှ သူတို french ကိုရောက်တာ ရက်နှစ်ဆယ်ရှိပြီ။အခုထိမြန်မာနိုင်ငံမပြန်ရသေး။
"သျှားထက်..မေးစရာရှိလို့"
"မေးလေ ဘာမေးမလို့လဲ"
သမုမရှိတုန်းမေးရမည့်ကိစ္စဖြစ်သည်။သမုကဒီနေ့ လက်နပ်ကိစ္စနဲ့တခြားဖက်ကလူတွေနဲ့သွားတွေ့သည်။သျှားထက်ကိုတော့ အိမ်မှာပဲခေတ်သွေးနဲ့ဖော်နေခိုင်းခဲ့သည်။သျှားထက်က စာရင်း တွေလုပ်ရင်ခေတ်သွေးကိုပြန်ဖြေသည်။
"သမုအတ္တညိုက ဘာအလုပ်လုပ်တာလဲဟင်"
"မှောင်ခိုလုပ်ငန်းလုပ်တာလေ အကို့ကိုမပြောပြဘူးလား"
"ဟင့်အင်း..မှောင်ခိုလုပ်ငန်းဆိုတာဘာလဲ ငါ့ကိုလဲပြောပြလေ"
"ဒါ..ဒါဆိုလူသတ်မှာပေါ့နော်"
မျက်လုံးလေးပြူးကာ စကားတွေပါထစ်နေတဲ့ခေတ်သွေးကို သျှားထက်ရယ်ချင်လာရသည်။
"ဟားးးဟားးး သတ်သင့်ရင်လဲသတ်ကမှာပေါ့ "
"အဲ့တာမကောင်းတဲ့အလုပ်လေ ငါတော့မကြိုက်ပါဘူး"
"မကြိုက်ရင်မလုပ်နဲ့လို့ပြောလိုက်ပေါ့"
"ဟာ..ငါမပြောရဲပါဘူးကွာ ! ဒါနဲ့မင်းရောကောင်မလေးရပြီလား"
"ဟမ် ! ဘာမှလဲမဆိုင်ဘူး"
ခေတ်သွေးကအပေါ်ထက်ကိုတက်သွားပြီး သျှားထက်ကိုလှောင်ပြုံးပြုံးကာ စသွားသေးသည်။
"ဟားးးဟားးးစတာပါကွာ စော်မရှိရဲ့"
"ဟာအကိုများနေပြီနော်"
သျှားထက်ပြောသည့်စကားကိုပင်မကြား အခန်းထဲဝင်သွားသည်။
စရောက်တဲ့နေထဲက ထိုအခန်ကိုတစ်ခါမှစေ့စပ်အောင်မကြည့်ဖူးဘူး။ဒီနေ့တော့ ခေတ်သွေးစူးစမ်းလိုစိတ်အပြည့်ဖြင့် လျောက်ကြည့်မိသည်။
မှန်တင်ခုံ အံဆွဲကိုဖွင့်ကြည့်မိတော့ DUNHILL ဆိုတဲ့တံဆိပ်နဲ့ဆေးလိပ်ဘူးတစ်ဘူးကို တွေ့သည်။ ထိုဘူးဘေးမှာ ရွှေအိုရောင်မီးခြစ်တစ်လုံးကိုလဲတွေ့ရသည်။
ဆက်ရှာရင်းဆက်ရှာရင်းနဲ့ ကုတင် အောက် ထောင့်ဘက်ခြမ်းမှာသေနပ်ကိုတွေ့သည်။