ရက်ကိုလစား၊လကိုနှစ်စားဆိုသည့်အတိုင်း အချိန်တွေကအကိုကိုပင်မြန်ဆန်လှသည်။
သုံးနှစ်ဆိုသည့်အချိန်အတွင်းမှာပဲအရာအားလုံးကပြောင်းလဲလို့နေပြီ။
လေယာဉ်ကွင်းမှ မြန်မာနိုင်ငံကိုပြန်လာသည့်တစ်စုံတစ်ဉီးသည် တစ်ယောက်ယောက်လိုက်လိုက်ရှာမိနေသည်။သူရှာနေသည့်သူသည်သူ့ရှိတဲ့နေရာသို့မလာခဲ့ပေ။
"သမုအတ္တညို..."
"ဟျောင့်သမုအတ္တညို..မင်းပြန်လာတာရမ်းဝမ်းသာတယ်ကွာ"
ကောင်းစစ်နဲ့ဒေါ်ဝေဟန်နန်းညိုတို့က သမုစီကိုအပြေးလာကြိုသည်။
ကောင်းစစ်ကလဲအရင်နဲ့မတူတော့ပေ ပို၍ပင်ချောလာသည်။ဒါပေမဲ့အရင်ကလိုကလေးဆန်နေတုန်းပင်။"ဟျောင့်မင်းအရမ်းတွေချောပြီးအရမ်းတွေခန့်လာလိုက်တာ"
"မြှောက်မနေနဲ့ ငါကအရင်တိုင်းပဲချောတယ်"
"လီး...ချီးကျူးလို့ကိုမရတဲ့ကောင်"
ကောင်းစစ်ဆဲတော့သမုကရယ်လျက်ကောင်းစစ်ကိုပုခုံးဖက်ကာ သူ့ရဲ့အထုတ်တွေကိုသယ်ခိုင်းသည်။
"သားမေမေတို့ပြန်နှင့်မယ် သားလဲသူငယ်ချင်းနဲ့အေးဆေးနေခဲ့လိုက်"
ဒေါ်ဝေဟန်နန်းညိုက သမုရဲ့ အထုတ်တွေကိုသယ်သွားသည်။သမုလဲကောင်းစစ်နဲ့ဆိုင်တစ်ဆိုင်ကိုသာသွားလိုက်သည်။
သူတို့နှစ်ယောက်ထိုင်နေသည့်ဆိုင်က ကျောင်းရဲ့ဘေးမှာရှိသည့်ဆိုင်လေးပင်။ထိုဆိုင်လေးကအရင်ကလိုပါပဲ ဘာမျှပြောင်းလဲချင်းမရှိအေးချမ်းနေတုန်းပင်။
"ကောင်းစစ် မင်းရောဘယ်မှာအလုပ်လုပ်လဲ"
"ငါလား ငါ့ဦးလေးကုမ္ပဏီမှာပဲဝင်ကူညီနေတယ်"
"အင်းကောင်းတာပဲ ဒါနဲ့..."
"လင်းအာရုံမြတ်လား သူမိန်းမရသွားပြီလေ"
ကောင်းစစ်က သမုပြောမည့်စကားကိုဖြတ်ပြီးပြောလိုက်သည်။
"တိမ်လွှာခေတ်သွေးရော ဘယ်ရောက်နေလဲ"
"အဲ့တာတော့ငါ့မသိဘူး သူ့အမေဆုံးပြီးထဲက သူ့အဒေါအိမ်မှာလားမသိဘူး အတိအကျတော့ငါလဲမသိဘူး "