ep(3)

1.3K 22 0
                                    

Ep3
အိမ်ကိုရောက်တော့ သားစိုင်းက စာလုပ်နေတာကနေ ပြေးလာသည်။

"မေမေ ညီလေး နေမကောင်းဘူးဆို အခုကောင်းသွားပြီလား "

"ကောင်းသွားပြီ သား ညီလေးနဲ့ခဏနေလိုက်အုံး "

"ဟုတ်ကဲ့ "

စိုင်းထင်က သင့်ရာ ရဲ့ကိုယ်ကို ချီလိုက်ပြီးတော့
ေဆာ်ဖာမှာ ထိုင်လိုက်သည်။

" သမီးတို့ပြန်ရောက်ပြီလား ကလေးက ဘာဖြစ်တာလည်း"

"အဆုတ်မကောင်းချင်တာလို့ပြောတယ် အအေးတွေ သိပ်မခံဖို့ပြောတယ် "

"ဟုတ်လား အခုကော ကလေးက ဘယ်မှာလည်း "

"သားစိုင်း နဲ့ ဧည့်ခန်းမှာပါ ဖေဖေ ဒါနဲ့ ခင် ဖေဖေ တို့နဲ့တိုင်ပင်စရာရှိပါတယ်..... သမီး ပုဂ္ဂလိက ဆေးရုံမှာ အလုပ်လျှောက်မလို့ပါ "

မေမေနဲ့ ဖေဖေ က ခင်ရဲ့ ရှေ့ကခုံမှာ ဝင်ထိုင်လိုက်သည်။ ဘာပဲ ဖြစ်ဖြစ် ခင် ဆုံးဖြတ်လိုက်ပြီ အရင်က အလုပ်အဆင်ပြေလို့ ကို ကခင်ကို အလုပ်ထွက်ဖို့ပြောခဲ့တယ် ၊ ခင် ပထမတော့ မထွက်ပေမယ့် သားစိုင်းမွေးပြီးတော့ အလုပ်ထွက်ခဲ့လိုက်သည်။

အခုခြေနေကတော့ ခင် အလုပ်မလုပ်လို့မဖြစ်တော့ပါ ။ ကို ပို့ပေးတဲ့ ပိုက်ဆံတွေကို ၃ နှစ်လောက် ခင်တို့ ထိုင်စားလိုက်ပြီလေ အခုက ကလေးကလည်းအသက်ကြီးလာတော့ ခင်လည်းအလုပ် လုပ်ရတော့မယ်မဟုတ်လား ။ ဘယ်လိုပဲ ဖြစ်ဖြစ် ခေတ်က အများကြီးကောင်းနေတာလည်း မဟုတ်ဘူး ၊
ကုန်စျေးနှုန်းတွေကလည်း အရမ်းကြီးတယ် မဟုတ်လား!

" သမီး ဆုံးဖြတ်ပြီးရင် လုပ်လေ မြေးငယ်ကလည်း ၃ နှစ်ရှိပြီဆိုတော့ ဖေဖေ တို့လည်းကြည့်ပေးထားမယ် "

" ဟုတ်ကဲ့ ခင်လျှောက်ကြည့်လိုက်ပါမယ် "

"အင်း! "

မေမေကတော့ဘာမှမပြောပါ ။ ဖေဖေ ကတော့
သားငယ်ကို ထိန်းထားပေးမယ်ပြောပေမယ့် မေမေကတော့ ဘာစကားမှမပြောပါ။ ဟုတ်တယ်လေ လောကကြီးမှာ ချွေးမ နဲ့ ယောက္ခမ တည့်ကြတယ်ဆိုတာ မရှိသလောက်ပါပဲ ။
ည အိပ်ခါနီ သားငယ်ကို ဆေးတိုက်လိုက်သည်။
စိုင်းထင်က သင့်ရာ ကိုကြည့်နေပြီးဘေးနားမှာလှဲလိုက်သည်။

မနက်ဖြန်ဆိုတာ..ရှိနေသရွေ့ ( Completed) Where stories live. Discover now