ဲEp36
တစ်ချို့အချိန်တွေက နောက်ပြန်ဆုတ်လို့မရတော့ဘူး။ အရင်က ကျွန်တော့်ရဲ့ မရင့်ကျက် မူ့တွေ ၊ ဒါပြီး ကျွန်တော့်ရဲ့ တကိုယ်ကောင်းဆန်မူ့တွေကြောင့် ကျွန်တော်တို့ဝေးခဲ့ရတယ်။ အရင်က နောင်တ ဆိုတာ ကျွန်တော့်ဘဝ မှာ တစ်ခါမှ မရခဲ့သလို ၊ နောင်တလည်းမရှိဘူး။ အခုတော့ အရင်က အကြောင်းတွေတွေးမိရင် ကျွန်တော် နောင်တအရမ်းရတယ်။ကိုကို့ ထပ်တွေ့ချင်သေးတယ်၊ ကိုကို နဲ့အတူသွားတဲ့ နေရာတွေကို ကျွန်တော် သွားခဲ့တယ်၊ ကျွန်တော်တို့အတူရှိခဲ့တဲ့အချိန်တွေ ဒါပြီး အတူရှိခဲ့တဲ့အမှတ်တရတွေ၊ အတူပျော်ခဲ့ကြတဲ့အချိန်တွေ နေ့ရက်တွေ ကျွန်တော့်မွေးနေ့ရောက်တိုင်း ကိုကိုမအားတဲ့ကြားက လာပေးခဲ့တာတွေ ၊ အလုပ်တွေများနေရင်တောင် ကျွန်တော့်အတွက် လာပေးခဲ့တယ်။
ဒါပေမယ့် ကျွန်တော် ကတော့ ဒါတွေကို နားမလည်ခဲ့ဘူး၊ ကျွန်တော် အဲအချိန်တွေမှာ အရာအားလုံးကို အလေးမထားခဲ့ဘူး။
ကိုကို နဲ့အတူရှိခဲ့တဲ့အချိန်တွေကို ပြန်တွေးမိရင် ကျွန်တော် မျက်ရည်တွေ ကျလာတယ်။အရမ်းလွမ်းမိတဲ့အခါ မျက်ရည်တွေကျလာတယ်!
ဖြစ်နိုင်ရင် တစ်ခေါက်လောက်တော့ပြန်ဆုံချင်သေးတယ်၊ အရင်ကလို အတူရှိနေချင်သေးတယ်၊ အရင်ကလို ကိုကို့လက်လေးကိုကိုင်ပြီး လမ်းပေါ်မှာ လျှောက်သွားချင်သေးတယ်၊
အရင်ကလို အနမ်းတွေပေးချင်သေးတယ်။
အရင်ကလို ကျွန်တော့်အနားမှာရှိနေချင်သေးတယ်။
အနားရှိနေတုန်း တန်ဖိုးထားရတယ် ဝေးသွားမှ တမ်းတနေလို့မရဘူး ဆိုတဲ့စကားကို ကျွန်တော်အခု နားလည်သွားပြီ။အခုတော့ ကိုကိုက ဘယ်သူနဲ့ ရှိနေမလဲ ၊ ကျွန်တော်မဟုတ်တဲ့တခြားတစ်ယောက်နဲ့ရှိနေမလား။
ကျွန်တော် သဝန်တိုတယ်!
တစ်ခါတလေ အရမ်းသတိရမိတဲ့အခါ ကျွန်တော်တို့ အတူရိုက်ထားတဲ့ ဓာတ်ပုံလေးကိုပဲ ကြည့်မိတော့တယ်၊ အရင်ကလိုဆို လွမ်းနေရင် ကျွန်တော်ပြေးတွေ့မိမှာ သေချာတယ်။
ကျွန်တော် တို့ အတူရှိနေခဲ့တဲ့ နေ့ရက်တွေ ကျွန်တော်တို့ တစ်ညတာကိုဖက်ထားပြီး ဖြတ်သန်းခဲ့တာတွေ ကျွန်တော် ဒါတွေကို ဘယ်လိုမေ့ပစ်လို့ရမှာလဲ။
YOU ARE READING
မနက်ဖြန်ဆိုတာ..ရှိနေသရွေ့ ( Completed)
Romanceမိန်းကလေးတစ်ယောက်ကို နှလုံးသားတစ်ခုလုံးနဲ့ချစ်နေတာကို သိနေတဲ့ကျွန်တော်က ကျွန်တော် ကိုကို့ ကို ချစ်မိနေ ပါတယ်လို့ ဘယ်လိုပြောထွက်မှာလည်း။