ep11
ဆေးရုံက လူနာတွေ ရဲ့ လက္ခဏာက အားလုံးပုံစံ
တူနေတာမို့ ဇာန်း က ဆေးရုံ ဝန်ထမ်းတွေကို မတ်စ် တပ်ပြီးမှ လူနာတွေကို ကိုင်ဖို့ သတိပေးလိုက်သည်။လူနာဝင်လာချိန် ဇာန်း က မတ်စ်ကို တပ်ထားလိုက်သည်။ လူနာက နည်းနည်း အသက်ကြီးသည်။ အသက် ၆၀ လောက်ရှိပြီထင်တယ်၊
"အဖွား ကုတင်မှာလှဲလိုက်ပါ "
သူနာပြု ဆရာမပေးတဲ့ စာအုပ်ကိုကြည့်လိုက်သည်။ ကိုယ်အပူချိန်က ၁၀၂ တောင်ရှိသည်။
နာကြပ်နဲ့ နှလုံးခုံနူန်း ကိုစမ်းသပ်လိုက်သည်။"ရပြီ ထိုင်လိုက်ပါ ၊ ဒါပြီး အသက်ကို အားပြင်းပြင်းနဲ့ရှုလိုက်ပြီး ရှုသွင်း ၊ ရှုထုတ်လုပ်ပါ "
အဖွားက အသက်ကို ရှုသွင်း ရှုထုတ်လုပ်လိုက်သည်။
ဇန်းက နားကြပ်နဲ့ ေကျာကိုစမ်းသပ်လိုက်သည်။ ပြီးတော့မှ" ပါးစပ်ဟ လိုက်ပါ "
အဖွားက ပါးစပ်ဟလိုက်တော့ ဓာတ်မီးနဲ့ လည်ချောင်းကိုထိုးကြည့်လိုက်သည်။"အာသီးရောင်နေတာပဲ ၊ အဖွား လည်ချောင်းတွေနာလား"
"အင်း နာတယ် ဆရာ ၊ ဒါပြီး ခန္ဓာ ကိုယ်တွေ လည်း အရမ်းကိုက်ပြီး နာနေတယ် "
"ဟုတ်တယ် ကျွန်တော် ဆေးထိုးပေးလိုက်မယ် ၊ ဒါပြီးသောက်ဆေးပေးလိုက်မယ် "
ဇာန်းက ဆေးစာအုပ်မှာ ဆေးကိုချရေးလိုက်သည်။ ဒါပြီး သူနာပြုဆရာမကို diclo ထိုးဆေးတစ်လုံးထိုးခိုင်းလိုက်သည်။ ပုံမှန်ဆို ဇာန်းက ခွဲစိတ်တဲ့လူနာတွေကိုသာ တာဝန်ယူပေမယ့် ပုံမှန် ဖျားနာတာမျိုးကို တခြားဆရာဝန်တွေကိုသာ လုပ်ခိုင်းခြင်းပါ ၊
ဒါပေမယ့် ဒီနေ့ လူနာတွေများတာကြောင့် ဇာန်းက ဝင်ပြီး လူနာကြည့်ပေးခြင်းပါ။ဇာန်းက တီတီ ခင်ကို တွေ့ပြီး
"တီတီခင် ၊ ဒါလေး ရာရာ ကိုပေးပေးပါ "
"ကောင်းပြီ၊ သားညီလေးကို သွားမတွေ့ဘူးလား သားညီက အခုတလော အိမ်လည်းသိပ်မကပ်ပါဘူး သားလည်း တွေ့ရင် ဆုံးမပေးပါအုံး"
"ဟုတ်ကဲ့ တီတီခင် ကျွန်တော် ရာရာ နဲ့တွေ့ရင် ပြောလိုက်ပါမယ်"
YOU ARE READING
မနက်ဖြန်ဆိုတာ..ရှိနေသရွေ့ ( Completed)
Storie d'amoreမိန်းကလေးတစ်ယောက်ကို နှလုံးသားတစ်ခုလုံးနဲ့ချစ်နေတာကို သိနေတဲ့ကျွန်တော်က ကျွန်တော် ကိုကို့ ကို ချစ်မိနေ ပါတယ်လို့ ဘယ်လိုပြောထွက်မှာလည်း။