ep21
ကျွန်တော် ကြည့်လိုက်တော့ ကိုကိုရဲ့မျက်ဝန်းတွေက တစ်ခုခုကိုဆိုလိုချင်တာမှန်း သိသာနေသည်။ ရှေ့ကခွေးကလေးရဲ့ မျက်လုံးအပြာရောင်လေးတွေကတောင်ကိုကို့ရဲ့ မျက်ဝန်းအညိုရောင်တွေလောက်ဆွဲဆောင်မူ့မရှိဘူး။ကျွန်တော်ပြုံးပြီးခေါင်းညိမ့်လိုက်သည်။ ခုံမှာ ဝင်ထိုင်လိုက်တော့ snow လေးက ပြန်ပြီး အိပ်နေတော့သည်။ သူ ပင်ပန်းသွားပြီထင်တယ်၊
" ဒီနေ့ ဆေးရုံကပြန်လာတာ မြန်တယ် "
"ကိုကို ဆေးရုံကို မသွားခဲ့ရသေးဘူး၊ jaddy ကသူမြန်မာပြည်ကိုလာချင်တယ်ပြောလို့ ကိုကို လေယာဥ် လက်မှတ်ဖြတ်ပေးနေတာ ။
သူလာရင် ကိုကို မိတ်ဆက်ပေးမယ် jaddy က
ပေါင်းသင်းဆက်ဆံရေးကောင်းတယ် ရာရာ လည်းအမတစ်ယောက်ရသွားတာပေါ့ "ကိုကိုက အခု သူ့ရည်းစားဟောင်းနဲ့ မိတ်ဆက်ပေးမယ်လို့ပြောနေတာလား၊ ဘယ်လိုတောင်ဆိုးလိုက်တဲ့ ဘဝလည်း ကိုယ့်ဟာကို ဒီတိုင်းလေးနေတာတောင် ပျော်စရာတွေမရှိတော့ဘူးလား!
"ကျွန်တော် အဂ်လိပ်စကားမကျွမ်းဘူး "
"Jaddy က မြန်မာစကားပြောတတ်တယ်၊ သူ
ကိုကို နဲ့ ချစ်သူတွေဖြစ်ကြတုန်းက သင်ထားတာ ""အော်! အဲအမက ကိုကို့အရမ်းချစ်မှာပဲ ဘာသာစကားတောင်သင်ထားတာဆိုတော့"
ဇာန်းက သင့်ရာကို ကြည့်ပြီး ပါးစပ်မှာပေနေတဲ့ ချော့ကလပ်ကို အနည်းငယ်လက်နဲ့ သုတ်ပေးလိုက်သည်။
သင့်ရာက ဇာန်းသုတ်မှ တီချူးကိုယူပြီး ပြန်သုတ်လိုက်သည်။ကိုကို့ကအခုထိသူ့စိတ်ထဲမှာ ကျွန်တော့်ကို ကလေးတစ်ယောက်လို့ပဲထင်နေတုန်းလား၊
"အင်း သူက ကိုကို့ ကိုအရမ်းချစ်တယ် ကိုကိုလည်း အတူတူပဲ ။ ဒါပေမယ့် ဒါတွေက အတိတ်မှာ ကျန်ခဲ့ပါပြီ "
" ကျွန်တော် အဲမမကိုတောင် မနာလိုဖြစ်လာပြီ ၊ ကိုကို့အချစ်တွေ အကုန်ရထားတာဆိုတော့လေ "
"ဟက်! ကိုကို့ကလည်း ရာရာ ကိုချစ်ပါတယ်"
"ဟင်း!! ကလေးတစ်ယောက်လိုပဲလေ ။ နောက်ဆုံးတော့ ကျွန်တော့်ရဲ့ မတော်လိုက်ရတဲ့ မရီးကို တွေ့ရအုံးမှာပေါ့လေ "
YOU ARE READING
မနက်ဖြန်ဆိုတာ..ရှိနေသရွေ့ ( Completed)
Romanceမိန်းကလေးတစ်ယောက်ကို နှလုံးသားတစ်ခုလုံးနဲ့ချစ်နေတာကို သိနေတဲ့ကျွန်တော်က ကျွန်တော် ကိုကို့ ကို ချစ်မိနေ ပါတယ်လို့ ဘယ်လိုပြောထွက်မှာလည်း။