Ep(30)

1K 17 2
                                    

ှEp30

" ရာရာ MoeM ဆိုတဲ့ တစ်ယောက်ကဘယ်သူလဲ "

" ဟမ်!"

ကိုကိုက ကျွန်တော့် ကို ဖုန်းကိုယူလာပြီး လာပြသည်။
မနက်အစောကြီး ရုတ်တရက် ဘာဖြစ်လို့လဲ မသိ ကိုကိုက ဖုန်းကိုလာပြတော့ ကျွန်တော်ယူကြည့်လိုက်သည်။ ဘာ ကို လာပြတာလည်း ဆိုတာ အိပ်ချင်မူးတူးဖြစ်နေတာမို့ ဖုန်းကိုယူပြီး ကြည့်လိုက်သည်။

ကိုကိုက ကျွန်တော် မနေ့ညက တင်ထားတဲ့ post ကို ကြည့်ပြီး cmt တွေကိုဝင်ကြည့်နေခြင်းဖြစ်သည်။

" ကျွန်တော့် သူဌေး "

ပြောပြီး ဖုန်းကို ပြန်ပေးကာ ပြန်အိပ်လိုက်သည်။
ဒါပေမယ့် ဇာန်းက သင့်ရာ ရဲ့ မျက်နှာကို ဆွဲမော့ပြီး
တော့ နောက်ထက်မေးခွန်းတွေ မေးလာသည်။

" သူဌေးက ဘာဖြစ်လို့ ဘာမန့်တာလည်း ။
သူတစ်ခုခု ပြောသေးလား "

"မပြောဘူး! "

" သေချာရဲ့လား ၊ တစ်ခုခုမပြောတာ သေချာလား"

"သေချာတယ် ခင်ဗျားရယ်!  ကျွန်တော်အိပ်ချင်သေးတယ် "

"ရာရာ!  သူတစ်ခုခုထူးဆန်းတာ ပြောရင် ကိုကို့ပြန်ပြောရမယ်"

" ခင်ဗျား အရမ်း ရစ်တာပဲ ။ အရင်က ဒီလောက် ရစ်တတ်လိမ့်မယ်လို့ မထင်ခဲ့ဘူး "

"နောင်တရနေတာလား ရာရာ "

" မဟုတ်ဘူး ။ ကိုကို့ တစ်ယောက်ကိုပဲ ချစ်တာမို့
ယုံပေးပါ "

"ဟုတ်ပြီ ၊ အိပ်ချင်နေတုန်း မလား အိပ်လိုက် "

"အင်း!"

ကိုကို ဘာလို့ ဒီလောက်ထိရစ်တတ်ရတာလည်း
အရင်ကဆို တစ်ခါမှ ဒီလောက်မရစ်တတ်ပါ ။
ဒါပေမယ့် ဘာပဲ ဖြစ်ဖြစ် အခုတော့ အရမ်းအိပ်ချင်နေပြီမို့ ကျွန်တော်ပြန်အိပ်ချင်နေသေးတာအမှန်ပင်။

.................

နိုးလာတော့ ကိုကိုက မရှိတော့ပါ ၊

'ကိုကိုက ကျွန်တော့်ကို မနိုးခဲ့ဘူးပဲ'
ကျွန်တော် မျက်နှာသစ်ပြီးအောက်ထက်ဆင်းလာခဲ့သည်။ ဒါပေမယ့် မြင်လိုက်ရတာက ကိုကို နဲ့ ကိုကို့ဖေဖေပင်။
ဦးဦး က ဘယ်တုန်းကရောက်နေတာလည်း။ ကျွန်တော် အနည်းငယ်အားနာသွားသည်၊ ဘာဖြစ်ဖြစ် စောစောသိရင် ကျွန်တော် အိပ်ယာက ဒီထက်စောစော နိုးမည်မဟုတ်လား။

မနက်ဖြန်ဆိုတာ..ရှိနေသရွေ့ ( Completed) Where stories live. Discover now