Ep(13)
စပျစ်ခြံကို ပထမဆုံးရောက်ဖူးခြင်းပါ။ အလုပ်သမားအချို့က သင့်ရာ ကိုကြည့်ပြီးနုတ်ဆက်လာသည်။
ဘား က ထွက်ပြီး စပျစ်ခြံမှာ လုပ်မည်ဟု ကိုသန့်စင်ကိုပြောတော့ ကိုသန့်စင်က တကယ်စိတ်ဆိုးတာပင်။ ဒါပေမယ့် ဒီအလုပ်က ဖေဖေ ကိုယ်တိုင် ပြောတာမို့ သင့်ရာ လုပ်ဖို့ကိုရွေးချယ်ထားသည်။"သင့်ရာ ဟိုဘက်က ခြံကို သွားကြည့်ရအောင်"
"ဟုတ်ကဲ့ဗျ"
အစ်ကိုခိုင်စော ဆိုတဲ့ စိုက်ပျိုးရေးပညာရှင်က သင့်ရာကိုအပင်နဲ့ပတ်သတ်တဲ့အကြောင်းတွေ ပြောပြသည်။ တကယ်တော့ သင့်ရာ အပင်တွေကို သိပ်မသိပါ ၊
ဒါပေမယ့် ကိုခိုင်စောက သေသေချာချာရှင်းပြသည်။
အခုချိန်မှာ ကျွန်တော်တို့ အလုပ်ကိုယ်စီနဲ့ဖြစ်နေပြီ။
တမာန်က ကျောက်အလုပ်ကိုလုပ်မည်ဟုဆိုကာ
မိုးကုတ်ကို သွားသည်။ ကျွန်တော်ကတော့ ဖေဖေ့ရဲ့ တာဝန်ပေးမူ့ကြောင့် ခြံလုပ်ငန်းကိုလုပ်ရမည်။
ဒါက အရွယ်ရောက်လာရင်သာမန်ဖြစ်နေကျ နိယာမတစ်ခုပင်။ကိုကိုကတော့ သူ့ရဲ့ဆေးရုံမှာသာ ရှိနေပေမယ့်
သင့်ရာဆီကိုနေ့စဥ်ဖုန်းဆက်နေသည်။ ဘာပဲ ဖြစ်ဖြစ် ဒါက သင့်ရာကို အထီးမကျန်စေပါ။
ကိုခိုင်စောက သင့်ရာ ကို ညီတစ်ယောက်လိုပါ ဂရုစိုက်ပေးတာမို့ ပိုပြီး အားနာနေစရာမလိုပါ။" ကိုခိုင်စော အသက်ဘယ်လောက်ရှိပြီလဲဗျ"
"အစ်ကို့အသက် ၂၅ ၊ သင့်ရာ တစ်ခုခုမေးချင်တာရှိရင် အစ်ကို့မေး "
"ဟုတ်ကဲ့ ၊ ကျွန်တော်က ဒီခြံအလုပ်တွေနဲ့ မရင်းနှီးတော့ အများကြီးလေ့လာရအုံးမည် အဲတာ ကိုခိုင်စော ကပဲ သင်ပြပေးပါအုံး "
" ဟုတ်ပြီ ၊ ဒါဆို အစ်ကို ညနေကျရင် စာရင်းတွေယူလာမယ် သူဌေးက သင့်ရာ လာမည်လို့ပြောတော့ အစ်ကို ဝမ်းသာနေတာ ဘာလို့ဆို အကူညီရပြီလေ"
"ဟုတ်ကဲ့ဗျ"
ကိုခိုင်စော ကိုပဲ ဖေဖေ ကအလုပ်နဲ့ပတ်သတ်တာတွေအကုန်လုပ်ဖို့ပေးထားသည်ထင်တယ်။
အခုတော့ အများကြီးမဟုတ်ရင်တောင် နည်းနည်းတော့ သိမည်မဟုတ်လား ။
YOU ARE READING
မနက်ဖြန်ဆိုတာ..ရှိနေသရွေ့ ( Completed)
Romantizmမိန်းကလေးတစ်ယောက်ကို နှလုံးသားတစ်ခုလုံးနဲ့ချစ်နေတာကို သိနေတဲ့ကျွန်တော်က ကျွန်တော် ကိုကို့ ကို ချစ်မိနေ ပါတယ်လို့ ဘယ်လိုပြောထွက်မှာလည်း။