Ep20
ကိုကြီးဆီကို ဖုန်းခေါ်လိုက်တော့ ဆက်သွယ်မူ့ဧရိယာ ပြင်ပဆိုပြီး ဖြစ်နေသည်။ ကျွန်တော် ကိုကြီးကို စာပဲ ပို့ထားလိုက်သည်။ 'ဖွားက စိတ်ပူနေတယ် ' ဆိုတဲ့စာတစ်စောင်ပင် ။ ဒါပြီး ကျွန်တော့်ရဲ့ ဒိုင်ယာရီမှာ
စာတစ်ကြောင်းအသစ်ထက်ရေးလိုက်သည်။' sorry ပါ စာအုပ်လေးရေ ဒီနေ့လည်း စိတ်ညစ်စရာတွေပဲ ရေးဖြစ်ပြန်ပြီ ၊ ငါ့မှာလည်း တစ်ခုခုဆို ရင်ဖွင့်စရာဆိုလို့ မင်းပဲ ရှိတာမို့ပါ '
ထိုစာကြောင်းရေးပြီး စာအုပ်ကိုပိတ်ထားလိုက်သည်။ကိုကြီးက ည ၁၀ နာရီလောက်မှာ မက်ဆေ့ပို့လာသည်။
ဖွားကို စိတ်မပူဖို့ပြောပြီး လိုင်းမရတာများလို့ဖုန်းမဆက်တာပါ ဟု စာပို့လာသည်။ ကျွန်တော်က ဘာမှမဖြစ်ပေမယ့် အိမ်ကလူတွေကသိပ်ပိုတယ်မဟုတ်ဘူးလား ။အခန်းတံခါး ဖွင့်လာတော့ ေဖဖေ ပါ ၊ ဖေဖေက
ကျွန်တော့်အခန်းထဲ ဝင်လာတာ ရှားပါးသည်။
ဖေဖေက ခုံမှာ ဝင်ထိုင်လိုက်ပြီး" သားအတွက် ဖေဖေ ဝယ်လာတာ ကျောင်းအတွက်လိုအပ်မယ်ထင်လို့ "
computer တစ်ခု ၊ ကျွန်တော့်မှာ ကိုကို့ဆီက မွေးနေ့လက်ဆောင်ပေးထားတာရှိပေမယ့် ဖေဖေ ဝယ်ပေးတာကိုပိုကြိုက်နေမိတယ် ။
" ကျေးဇူးပါ ဖေဖေ "
" ဟားဟား သားအဖတွေကျေးဇူးတင်စရာမလိုပါဘူး ဖေဖေက သား ဖေဖေ့အလုပ်မှာ ကူလုပ်ပေးထားလို့ ဝယ်ပေးတာပါ ၊ ကဲ စာလုပ်တော့ အများကြီးလည်း ပင်ပန်းခံမနေ နဲ့ စောစော အနားယူ ဟုတ်ပြီလား "
" ဟုတ်ကဲ့ ဖေဖေ "
ဖေဖေ ထွက်သွားပြီးတော့ သင့်ရာ computer ကို ထုတ်ကြည့်လိုက်သည်။ ဒါကိုသိမ်းထားလိုက်မည် ကိုကို ပေးတဲ့ဟာကိုပဲ အရင်သုံးလိုက်မည် ။
အခန်းြပတင်းကနေမြင်ရတဲ့ လကိုကြည့်လိုက်သည်။ လ ကအရမ်းလှတယ် ပုံမှန်အတိုင်းရှိနေပြီး လူတွေကိုအလင်းရောင်များစွာပေးနိုင်တယ် ။
.................................
ကျွန်တော်တို့လေးယောက် ဆိုင်တစ်ဆိုင်မှာ အတူထိုင်လိုက်သည်။ အင်ကြင်းနဲ့ တမာန်က ပြန်အဆင်ပြေသွားပြီဖြစ်ပြီး ဒီနေ့က သူတို့ရဲ့ anniversary နေ့ဖြစ်တာကြောင့် ဆိုင်မှာ မုန့်လိုက်ကျွေးခြင်းပါ ။
သင့်ရာက ဇင်ဦး ကိုပါ ခေါ်လာတာကြောင့် အင်ကြင်းနဲ့ တမာန်ကိုပါ မိတ်ဆက်ပေးလိုက်သည်။
YOU ARE READING
မနက်ဖြန်ဆိုတာ..ရှိနေသရွေ့ ( Completed)
Romanceမိန်းကလေးတစ်ယောက်ကို နှလုံးသားတစ်ခုလုံးနဲ့ချစ်နေတာကို သိနေတဲ့ကျွန်တော်က ကျွန်တော် ကိုကို့ ကို ချစ်မိနေ ပါတယ်လို့ ဘယ်လိုပြောထွက်မှာလည်း။