Ep(39)

1K 17 0
                                    

Ep39
သင့်ရာက ကိုး ရေခဲမုန့်စားနေတာကို video ရိုက်ထားလိုက်သည်။
ကျွန်တော့်ကလေးလေး ရဲ့ တစ်နေ့တာတွေကို video ရိုက်ပြီး သိမ်းထားချင်တယ်။
ဟုတ်တယ် ။
ဘာလို့ဆို ကျွန်တော့် ကလေးလေးကို အမှတ်တရကောင်းတွေပဲ ပေးချင်ပြီး အနာဂတ်မှာ အမှတ်ရစေချင်တယ်။ ကျွန်တော့် တုန်းကဆို ငယ်ငယ်ကပုံတွေအားလုံးကို ကိုကို ကသာရိုက်ပေးခဲ့တာ

။ ကျွန်တော့် အိမ်ရဲ့ မိသားစု ဓာတ်ပုံမှာ ကျွန်တော်ပုံတောင်မပါဘူး။

ဘာလို့ဆို ကျွန်တော် မွေးပြီးနောက်ပိုင်း အိမ်ရဲ့ စီးပွားရေးလည်းပျက်စီးသွားလို့တဲ့။
ကျွန်တော် မရခဲ့တဲ့ မေတ္တာ တွေကို ကျွန်တော့်ရဲ့ ကလေးလေးကိုပဲ ပေးမည်။ သူက ကျွန်တော့်ရဲ့ ကိုယ်ပွား ၊ ကျွန်တော့်ရဲ့ အသက်။

အခုလိုမျိုးဆိုတော့လည်း ကျွန်တော့်ရဲ့ ဘဝက လှပနေတာပဲ ။

" သား ၊ ဘာလိုချင်လည်း ဖေဖေ့ပြော "

ကိုးက တစ်ခဏစဥ်းစားပြီးတော့ ဆိုင်တစ်ဆိုင်ထဲကို ပြေးဝင်သွားသည်။ဒါပြီး စူပါမန်း အရုပ်တွေကို ရောင်ခြယ်တဲ့ စာအုပ် တစ် အုပ်ကို ယူလာသည်။

" ေဖဖေ ကိုး ဒါယူမယ် "

"ဟုတ်ပြီ ဟုတ်ပြီ ၊ ရောင်စုံ ခဲတံလည်း ယူလိုက်အုံး "

"ဟုတ်ကဲ့ "

တကယ့် ဝါသနာပဲ ။ ကိုး နဲ့အတူ ဆိုင်ထဲက ပြန်ထွက်လာပြီး အိမ်ကိုသာ တန်းလာခဲ့ကြသည်။
သင့်ရာ ရဲ့ အိမ်ကအရင်ကလို လူတွေစုံနေတာမျိုး မဟုတ်တော့ပါ ၊ အခုတော့ သင့်ရာ တစ်ယောက်ထဲပါ။ ခြံထဲမှာတော့ လိမ္မော်ရောင် နှင်းဆီပန်းတွေနဲ့
ပြည့်နက်နေတုန်းပဲ ။ ခြံထဲက ပန်းတွေနဲ့ လှပနေပြီး အပင်တွေကြောင့် အရိပ်ရနေတာ အရမ်းအေးချမ်းတယ်။
ကိုးက ကားပေါ်က ဆင်းတာနဲ့ ခြံထဲ ပတ်ပတ်လည် ကြည့်လိုက်သည်။

" ေဖဖေ နှင်းဆီတွေက အများကြီးပဲ "

" သား ​က ကြိုက်လို့လား "

" ကြိုက်တယ် ၊ ပန်းတွေက အရမ်းလှတယ် "

" သား ခြံထဲ ကျန်ခဲ့မလား ။ ဖေဖေ အသီးခွဲ ပြီး ယူလာခဲ့မယ်"

မနက်ဖြန်ဆိုတာ..ရှိနေသရွေ့ ( Completed) Where stories live. Discover now