Ep37
သင့်ရာ က ကလေးရဲ့ လက်ကိုကိုင်လိုက်သည်၊" ကိုသန့်စင် ကျွန်တော် ဒီမှာ ခဏကျန်ခဲ့အုံးမယ် "
" ရတယ်လေ အစ်ကို ကိုမာန် နဲ့ပဲ လိုက်သွားလိုက်တော့မယ် "
" ဂရုစိုက်အုံး ၊ လက်ကိုသိပ်ပြီး မလှုပ်ရှားနဲ့ "
" အင်း ၊ ဒါဆို အစ်ကိုတို့ပြန်တော့မယ် "
သင့်ရာက ခေါင်းငြိမ့်ပြလိုက်သည်။ ကိုသန့်စင်က သူဌေး နဲ့အတူ ထွက်သွားသည်။
" ညနေ ကိုလိုက်အိပ်ပေးရမလား ၊ ကွန်ဒိုမှာ တစ်ယောက်ထဲနေတာ အဆင်ပြေမှာလား ဒါမှမဟုတ်
ကိုယ့်အိမ်မှာ လာပြီးနေမလား "" ကျွန်တော် ကိုမာန့်အိမ်မှာပဲ လိုက်ပြီးနေပါမယ် "
" ဟုတ်ပြီ ၊ "
ပြောပြီး ကားပါကင်ထဲက ကားထဲကို ဝင်လိုက်သည်။
....." ကိုကို့ အခန်းမှာပဲ စောင့်လို့ရမလား "
" အင်း "
ဇာန်းက ပြောပြီး လူနာတွေကိုပြန်ကြည့်ပေးနေသည်။
ကျွန်တော် ကိုး ရဲ့လက်ကို ကိုင်လိုက်ပြီး ချီလိုက်သည်။ ဒီကလေးက တကယ်ချစ်စရာလေးပဲ ၊ ကျွန်တော် သူ့ကို ချီတော့ ကျွန်တော့်ရဲ့လည်ပင်းကိုလာဖက်သည်။" ကိုကိုက တကယ် ကျွန်တော့်ကို စိတ်ဆိုးနေတာပဲ "
ပြောပြီး ကိုကို့ရဲ့အခန်းထဲကို ဝင်သွားလိုက်သည်။
ဒီကိုပြန်လာတာ မကြာသေးဘူးထင်တယ် ၊ ကိုကို့ရဲ့ အခန်းက နည်းနည်းပြောင်းလဲသွားတယ် ဒါပြီး
အလုပ်စားပွဲမှာ ထောင်ထားတဲ့ ပုံက ကိုကို နဲ့ သားရဲ့ပုံ နှင်းတောထဲမှာ နှစ်ယောက် ကစားနေတဲ့ပုံ ၊ ဒီပုံက
ဦးဦး ရိုက်ပေးထားတာပဲနေမယ်။
ကျွန်တော့် ဆီကိုအမြဲ သားပုံတွေ ပို့ပေးခဲ့တဲ့ ဦးဦးကို တကယ်ကျေးဇူးတင်တယ်။
ဒါပေမယ့် ကိုကိုကတော့ ကျွန်တော့်ကို တစ်ခါမှ မဆက်သွယ်ခဲ့ပါ။ ကျွန်တော့်ကို မချစ်တော့တာလား။ဆော်ဖာပေါ်မှာ ထိုင်နေတဲ့ ကလေးကို တစ်ချက်ကြည့်လိုက်သည်၊
သူကျွန်တော်နဲ့ သူစိမ်းတွေလိုမဖြစ်တာကိုပဲ ကျွန်တော်ပိုပြီး ကျေးဇူးတင်မိတယ်။" သား ၊ ဘာတွေကြည့်နေတာလည်း "
" Horror movie! "
Shiiii ဒီကလေး!
သင့်ရာက အမြန်ပဲ ကိုး ရဲ့အနားကိုသွားလိုက်သည်။
အသက်က ဘယ်လောက်ရှိသေးလို့လည်း သရဲကားကြည့်နေတာ ၊ ပုံမှန်ဆို ကလေးတွေက ကာတွန်းကား ကြည့်ရမှာ မဟုတ်ဘူးလား။
ဒါပြီး ကြောက်တဲ့ပုံလည်း မပေါ်ဘူး။ ကျွန်တော် အရင်က ဒီမှာ သရဲခြောက်ခံရပြီးနောက် ဘာသရဲကားမှမကြည့်တော့ပါ။
YOU ARE READING
မနက်ဖြန်ဆိုတာ..ရှိနေသရွေ့ ( Completed)
Romanceမိန်းကလေးတစ်ယောက်ကို နှလုံးသားတစ်ခုလုံးနဲ့ချစ်နေတာကို သိနေတဲ့ကျွန်တော်က ကျွန်တော် ကိုကို့ ကို ချစ်မိနေ ပါတယ်လို့ ဘယ်လိုပြောထွက်မှာလည်း။