ep(4)

1.2K 20 0
                                    

Ep(4)
တစ်ချို့ကံကြမ္မာတွေက သတ်မှတ်ပြီးသား အရာတစ်ခုပင်။ လောကကြီးမှာ အရာအားလုံးက အလွယ်တကူအဆင်ပြေနေရင် လောကကြီးက ဘယ်ပျော်စရာကောင်းနေပါ့တော့်မလဲ ၊ မေမေ ​ပြောခဲ့သလိုပဲ ဘဝကိုတစ်ယောက်ထဲပဲ ဖြတ်သန်းရမှာ မဟုတ်လား။
........................
အခုဆို အငယ်တွေရှိတဲ့ ခံစားချက်ကို ကျွန်တော် နားလည်ခဲ့ပြီ ဒီခဲဖျက်လေးတွေကအရမ်းချစ်စရာကျောင်းတယ် ၊ ရာရာ ကြိုက်မှာ သေချာတယ် ။
အစ်ကိုတစ်ယောက်ရဲ့ ခံစားချက်ကို ကျွန်တော်
သင့်ရာနဲ့တွေ့ပြီးတော့မှသိလာခဲ့တယ် ။ ဘာပဲ ဖြစ်ဖြစ် သူက ဇာန်းရဲ့ညီလေးပါ။

" ဒါလေး ယူမယ် "

ရေခဲမုန့် ခဲဖျက်အတွက်ငွေရှင်းလိုက်သည်။ စတိုးလ်က ထွက်လာပြီး ကားထဲဝင်လိုက်သည်။ ဇာန်း ရဲ့
ဒရိုင်ဘာက ဇာန်းကိုကြည့်ပြီးတော့

" သခင်လေး ဘာဖြစ်လို့ ဒီလမ်းကမောင်းခိုင်းရတာလည်း "

"ဦးခန့် ဇာန်း ကို အထက၁ ကျောင်းရှေ့မှာ ရပ်ပေးပါ တီတီခင်က ရာရာ အဲကျောင်းမှာ တတ်တယ်လို့ပြောထားလို့ "

"ဦးခန့် ရပ်ပေးမယ် "

ကျောင်းဆင်းတဲ့အထိရပ်ပေးလိုက်သည်။ အဖြူအစိမ်းနဲ့ ကလေး တွေထွက်လာတော့ ဦးခန့်က ကျောင်းပေါက်ဝကနေ ရာရာ ကိုစောင့်နေလိုက်သည်။
ရာရာ ကို တွေ့လိုက်တော့

" သားရာ သခင်လေးက ခေါ်ထားလို့ ဦးနဲ့လိုက်ခဲ့ပါ "

"မေမေက သူစိမ်းတွေနဲ့မလိုက်ရဘူးပြောထားတယ်"

"ဒါဆို ဟိုကားကိုကြည့်လိုက်"

ရာရာ ဦးပြတဲ့ကားကိုကြည့်လိုက်တော့ ကိုကိုက လက်ပြနေသည်။

" ကိုကို! "

"အခုလိုက်ခဲ့လို့ရပြီမလား "

"ဟုတ်ကဲ့ "

တမာန် ဘက်ကို လှည့်ပြီးတော့

" ငါ့ ကိုကို လာခေါ်နေလို့သွားတော့မယ် "
တမာန်ကသင့်ရာ ရဲ့ ကိုကိုဆိုတဲ့လူကိုကြည့်လိုက်ပြီးတော့ မှ

"အင်း "

တမာန်နဲ့ နုတ်ဆက်ပြီး ကိုကို ရှိရာဘက်ကို လာခဲ့သည်။

မနက်ဖြန်ဆိုတာ..ရှိနေသရွေ့ ( Completed) Where stories live. Discover now