ep9
ထိုအကြောင်းအရာတွေပြီးသွားပြီးနောက် ကျွန်တော် ဆေးရုံကိုမသွားဖြစ်တော့ပါ ၊ နည်းနည်း စိတ်ထဲ
တစ်မျိုးဖြစ်နေတာလည်း ပါတာကြောင့်ပင်။
တက္ကသိုလ် မှာ တမာန်နဲ့ မေဂျာ အတူတူမဟုတ်ခဲ့ပေမယ့် မိုင်နာ ဘာသာကို တစ်တန်းထဲ အတူသင်ရတာပင် ။ ကျွန်တော်က OS ဖြစ်ပြီး တမာန်က Philo ဖြစ်တာကြောင့်ပင်။အင်ကြင်းကတော့ သူနာပြု ကျောင်းတတ်ရောက်ခွင့်ရခဲ့လို့ ကျွန်တော်တို့နဲ့ တက္ကသိုလ် အတူတူ မတတ်ခဲ့ရတော့ပါ ။
ကိုကို က ကျွန်တော့်ကို အဆက်သွယ်လည်း မလုပ်ခဲ့သလို ကျွန်တော်လည်း ကိုကို နဲ့ပတ်သတ်တာတွေကိုမတွေးမိတော့ပါ ထိုနေ့ကစပြီး ။
အချစ်က တကယ်မရှိခဲ့ပါဘူး !english စာအတန်းထဲမှာ ဆရာက ဘဝရဲ့ ရည်မှန်းချက်တွေကို ကျောင်းသားတွေကိုမေးမြန်းနေခြင်းပင်။
" သင့်ရာ မင်း ဒီအတန်းပြီးရင် မေဂျာ အတန်းတတ်ရအုံးမှာလား "
" မရှိတော့ဘူး ဒါက နောက်ဆုံးအချိန်ပဲ "
" ငါ နဲ့ အပြင်ကိုသွားကြမလား အင်ကြင်း တို့ ကျောင်းနားကိုသွားကြမယ် "
" မင်းလည်း သိတဲ့အတိုင်း သူနာပြု ကျောင်းတွေက စည်းကမ်းအရမ်းတင်းကြပ်တယ် သူအပြင်ကိုထွက်
ခွင့်ရမှာ မဟုတ်ဘူး မင်း သူနဲ့တွေ့ချင်ရင် ညနေ ၄ နာရီထိစောင့် ပြီးမှသွားတွေ့ "" အင်ကြင်းကလည်း ဘာလို့ ဒီလောက်စည်းကမ်းကြီးတဲ့ ကျောင်းကို တတ်ရတာလည်း မသိဘူး"
"သူ့အိမ်မက်တွေလေ မင်းကတော့ ဘာလုပ်မှာလည်း "
"ငါက မိုးကုတ်သွားပြီး ကျောက်လုပ်မလားလို့ ဒါနဲ့ ငါ ကျောင်းပိတ်တဲ့အချိန် မိုးကုတ်သွားမလို့ မင်းလိုက်အုံးမလား "
" မလိုက်တော့ဘူး ငါ့ရဲ့ အချိန်ပိုင်းအလုပ်တွေ ရှိသေးတယ် "
ကျွန်တော် သင့်ရာကိုကြည့်လိုက်သည်။ သင့်ရာက ကျောင်းတတ်ကတည်းက သူကိုယ်တိုင်ပိုက်ဆံရှာသည် ။ ဘာလို့လဲ မေးတိုင်း သူ့အစ်ကို အတွက် မေမေနဲ့ ဖေဖေ က လတိုင်းပိုက်ဆံ ထည့်ပေးတာ မြင်တော့ သူကလည်းတောင်းရမှာ အားနာလို့တဲ့ ။
ကျွန်တော် အင်ကြင်း နဲ့ တွဲနေတာ ၃ လ ရှိပြီ ၊ သင့်ရာ ကတော့အခုထိ ရည်းစားထားပါဆို အချိန်မအားဘူးဟုသာပြောသည်။ ကျွန်တော်တို့ နောက်တစ်နှစ်ဆိုရင်ပဲ ကျောင်းပြီးတော့မည် ။
မဖြစ်သေးဘူး သူ့ကို ကောင်မလေး တစ်ယောက်နဲ့မိတ်ဆက်ပေးရမယ် ။
YOU ARE READING
မနက်ဖြန်ဆိုတာ..ရှိနေသရွေ့ ( Completed)
Romanceမိန်းကလေးတစ်ယောက်ကို နှလုံးသားတစ်ခုလုံးနဲ့ချစ်နေတာကို သိနေတဲ့ကျွန်တော်က ကျွန်တော် ကိုကို့ ကို ချစ်မိနေ ပါတယ်လို့ ဘယ်လိုပြောထွက်မှာလည်း။