Ep22
မနက်ခင်းနေရောင်ခြည်က မှန်ကနေ အနည်းငယ်တိုးလာနေသည်၊ တကယ်တော့ ဒါက နွေဥတု ကိုရောက်နေပြီ ဆိုတာကိုအသိပေးခြင်းပါ။ ဒါပေမယ့် ကျွန်တော့်ဘေးက ကိုကိုက အခုထိ မနိုးသေးပါ၊ အမြဲအတူ ရှိချင်နေလို့ ရမလား ဆိုပြီးမေးကြည့်ချင်ပေမယ့် ဒါတွေက ကျွန်တော်နဲ့ မသက်ဆိုင်သလိုပဲ ။
ပြတ်သားဖို့ မတွေးရဲသလို ဖွင့်ပြောဖို့လည်း မရဲဘူး။
ဒီအတိုင်းလေး ဒီအတိုင်းလေးနေရတာက ပိုပြီး အေးချမ်းတယ်။အမှတ်တရတွေကွယ်ပျောက်သွားမှာကို ဆိုးတယ်။
အဲမှတ်ဉာဏ်တွေ ကွယ်မပျောက်သွားအောင် ဖြစ်နိုင်ရင် ကျွန်တော် vcd ခွေထုတ်ပြီး ထာဝရ သိမ်းထားချင်တယ်။
ကျွန်တော်လည်း တစ်ခါလောက်တော့ အချစ်ခံဖူးချင်တယ်။
အိပ်ယာမှ ထလာလိုက်ပြီး အိမ်အောက်ထက်ကိုဆင်းသွားလိုက် ၊"morning သင့်ရာ "
"morning မမ "
"မုန့်ဟင်းခါး ကြိုက်လား "
"ဟုတ်! "
Jaddy က ပြုံးပြလာပြီး မုန့်ဟင်းခါးကြိုက်လားလို့မေးလာသည်။ သူမ အရမ်းကောင်းတယ်မလား ။
ကိုကို ကြိုက်မယ်ဆိုလည်းကြိုက်ချင်စရာပါ။"အရမ်းမွှေးနေတာပဲ ၊ မမ ကိုယ်တိုင်လုပ်ထားတာလား"
"ဟုတ်တယ် ဇာန်းက မုန့်ဟင်းခါးအရမ်းကြိုက်တယ်၊
ဒါကြောင့် မမ သင်ထားတာ ၊ မြန်မာစကားလည်းပဲ""ဟုတ် ၊ အရမ်းစားကောင်းတယ်"
သင့်ရာက မုန့်ဟင်းခါး ကိုတစ်ဇွန်းယူစားလိုက်သည်။
အရမ်းစားကောင်းတယ်၊ ဇာန်းက အပေါ်ထက်က ဆင်းလာတော့ စားပွဲကိုလာကြည့်သည်။"morning "
"morning, ပြွတ်စ်!"
jaddy က ဇာန်း ရဲ့ နုတ်ခမ်းကိုတစ်ချက်နမ်းလိုက်သည်။ သင့်ရာက သူတို့နှစ်ယောက်ကိုကြည့်ပြီး
မုန့်ဟင်းခါးကိုသာ ငုံ့စားလိုက်သည်။
ွဖြစ်နိုင်ရင် ကျွန်တော်အခု ဒီနားကအမြန်ဆုံးထွက်သွားချင်သည်။ လမ်းခွဲထားတဲ့ သူတွေက အခုလိုမျိုး နမ်းလို့လား။
ဒါပေမယ့် ကိုကိုက ကျွန်တော့်ကိုတောင်နမ်းသေးတာပဲ ဒါက ဘာထူးဆန်းနေလို့လဲ ။ ဒါပေမယ့် ထိုအရာတွေနဲ့ ကျွန်တော်နေသားမကျပါ။
YOU ARE READING
မနက်ဖြန်ဆိုတာ..ရှိနေသရွေ့ ( Completed)
Romansaမိန်းကလေးတစ်ယောက်ကို နှလုံးသားတစ်ခုလုံးနဲ့ချစ်နေတာကို သိနေတဲ့ကျွန်တော်က ကျွန်တော် ကိုကို့ ကို ချစ်မိနေ ပါတယ်လို့ ဘယ်လိုပြောထွက်မှာလည်း။