Ep35
"ဇာန်း မင်းဘာတွေလျှောက်လုပ်နေတာလဲ"
ေဖဖေ့ရဲ့ စကားသံက အိမ်တစ်ဆောင်လုံးကို ဟိန်းမြည်သွားစေသည်။ ဒါပေမယ့် ဇာန်းက ထိုနေရာမှာသာထိုင်နေပြီး ဘာစကားမှမပြောပါ။
အခုချိန်မှာ ဖေဖေ ဘာပြောပြော ဇာန်းက ဘာစကားမှမပြောပါ။ အိမ်ရဲ့ အလုပ်သမားတွေက ထိုအချိန်မှာ ဘာစကားသံမှ မထွက်လာပါ။ ဒါပြီး ထိုအိမ်က အပ်ကျသံတောင်မမြည်တော့ပါ။" ၊ ဆေးရုံတစ်ခုလုံးကို ပိတ်ဖို့ဆိုတာ လွယ်တယ်များထင်နေတာလား ၊ မင်းက အခုထိ
ကိုယ်ရေးကိုတာနဲ့ အလုပ်ကို မခွဲခြားနိုင်သေးဘူးပဲ "" ကျွန်တော် ခွဲခြားတတ်လို့ အခုလိုပြောနေတာ၊
ဖေဖေ့ရဲ့ အမိန့်တွေအောက်မှာပဲ ကျွန်တော်နေခဲ့တာပါ။ ဒီတစ်ခါတော့ ကျွန်တော် ဖေဖေ့ရဲ့ အမိန့် တွေအောက်မှာ မနေနိုင်တော့ဘူး ။ ကျွန်တော်အရမ်းပင်ပန်းနေပြီ ""မင်း! "
ဇာန်းက ပြောပြီးတာနဲ့ အိမ်အပေါ်ထက်ကို ပြန်တတ်သွားသည်။ ဒါပြီး သူ့ရဲ့ အဝတ်တွေကို luggage အိပ်ထဲကို ထည့်လိုက်သည် ဒီနေရာမှာ ဆက်မနေဖို့ ကျွန်တော်ဆုံးဖြတ်ချက်ချလိုက်ပြီ ၊ ဖေဖေ ဘယ်လောက်ပဲ တားပါစေ ကျွန်တော် မနေတော့ဘူး။
Knock knock! !
အခန်းတံခါးခေါက်သံ ထွက်ပေါ်လာတော့ ဇာန်းက သူထည့်လက်စအဝတ်တွေကို ဒီအတိုင်းထားလိုက်ပြီး အခန်းတံခါးကို ဖွင့်လိုက်သည်။
ဦးခန့်! !ဇာန်းက ဘာစကားမှမပြောပဲ အခန်းထဲ ပြန်ဝင်သွားသည်။ ဦးခန့်က စာရွက်တစ်ချို့ကို လာပေးသည်။
" သခင်လေး ၊ လေယာဥ်လက်မှတ်ပါ ဒါပြီး ဒီက ကိစ္စတွေကို ဦးခန့်ကြည့်ပြီး စီစဥ်လိုက်မယ်"
" ဟုတ်ပြီ၊ ကျန်တာတွေကို ကျွန်တော်ပြောတဲ့အတိုင်းပဲ လုပ်ထားပေးပါ "
"ကောင်းပြီ "
ဦးခန့်ထွက်သွားတော့ ဇာန်းက ကျန်နေသေးတဲ့အကျီတွေကိုထည့်လိုက်သည်။ ကျွန်တော့် ဖုန်းထဲက စာတွေကိုကြည့်လိုက်သည်။
ကျွန်တော် သူ့ကိုဘယ်လိုမေ့ပစ်လို့ရမှာလဲ ၊ အချိန်တွေက တစ်နှစ် လား နှစ်နှစ်လား မဟုတ်ဘူး ဆယ်နှစ်ကျော်..... ။
အခန်းနံရံမှာ ချိတ်ထားတဲ့ ပန်းချီကားကိုကြည့်လိုက်သည်၊ ကျွန်တော့်ရဲ့ နှလုံး ၊ ပထမဆုံး မင်းလေးကို ချစ်နေမိပြီ ဆိုတဲ့အချိန် ည ၇ နာရီမှာ ဆွဲထားခဲ့တဲ့ ပုံ။
ကျွန်တော် သူ့ရဲ့ အပြုံးတွေကို ပထမဆုံးတွေ့ဖူးတဲ့အချိန် ၊ တကယ်ချစ်ခဲ့မိတဲ့သူ။
YOU ARE READING
မနက်ဖြန်ဆိုတာ..ရှိနေသရွေ့ ( Completed)
Romanceမိန်းကလေးတစ်ယောက်ကို နှလုံးသားတစ်ခုလုံးနဲ့ချစ်နေတာကို သိနေတဲ့ကျွန်တော်က ကျွန်တော် ကိုကို့ ကို ချစ်မိနေ ပါတယ်လို့ ဘယ်လိုပြောထွက်မှာလည်း။