Ep41
သူဌေးရဲ့ ခြံရှေ့ကိုရောက်တော့ ဘဲလ်တီးလိုက်သည်။
တံခါးက ဖွင့်လာတော့ သင့်ရာက အထဲကိုဝင်လိုက်သည်။" သင့်ရာ ရောက်လာပြီလား "
" ဟုတ်တယ် သူဌေး ၊ "
"ထိုင် အုံး အစ်ကို တစ်ခုအကူညီတောင်းစရာရှိလို့ ၊
အစ်ကို မနက်ဖြန် နိုင်ငံခြားသွားရမလို့ ၊ အဲတာ အဆင်ပြေမယ်ဆိုရင် သန့်စင် နဲ့အတူ မနက်ဖြန် ပစ္စည်းတွေ သွားယူပေးလို့ရမလား ။ ""ဒါလား ရပါတယ် နောက်ထက်ကော "
သူဌေးက ဒါတစ်ခုတည်းကြောင့်တော့ သူ့ကို ပြောနေမှာ မဟုတ်ပါ။ နောက်ထက် တစ်ခုတော့ ရှိအုံးမည်။
သူဌေးက ဘာစကားမှမပြောပဲ သင့်ရာကို ကြည့်လာပြီးတော့မှ
" သန့်စင် က ဘာတွေကြိုက်တတ်လဲ ဆိုတာ မေးချင်လို့ပါ ၊ သင့်ရာက သူနဲ့ အရမ်းရင်းနှီးတော့ အစ်ကိုက မေးကြည့်ချင်လို့လေ ၊ ဒါပြီး ဒါက ကိုယ်ရေးကိုတာ ဖြစ်နေတော့ သင့်ရာနဲ့ နှစ်ယောက်ထဲ တွေ့ပြီးမှ မေးချင်လို့ "
" ဟုတ် ၊ ကိုသန့်စင်က ကိတ်မုန့်အချိုတွေစားရတာကြိုက်တယ် ၊ အရင်ကဆို ကျွန်တော်တို့ မွေးနေ့ကိတ်အသေးလေးတွေ ဝယ်ပြီး စားကြတယ် ကိုသန့်စင်က စတော်ဘယ်ရီ အရသာကိုပိုကြိုက်တယ်။
သူက ခရင်ပါတဲ့ မုန့်တွေကိုကြိုက်တယ် ၊ "မိုးမာန်က ပြုံးလိုက်သည်။ ဟုတ်တယ် သန့်စင်က တကယ်ကလေးတစ်ယောက်လိုပဲ ။ သူလက်ထိခိုက်တုန်းကဆို သူ့အိမ်မှာလာနေတုန်း နေ့တိုင်း ကိတ်မုန့်တွေကို delivery နဲ့မှာစား တတ်သည်။ သူပြန်လာတိုင်း ရေခဲသေတ္တာထဲမှာ ကိတ်မုန့် ၂ ခုလောက်ကိုအနည်းဆုံးတွေ့ရသည်။
" ဒီနေ့လာတွေ့ပေးတာပဲ ကျေးဇူးတင်တယ် ဒါ သင့်ရာ အတွက် အစ်ကို shopping center မှာတွေ့လို့ဝယ်လာတာ "
မိုးမာန်က သင့်ရာရှေ့ကို ဘူးတစ်ဘူး လာပေးသည်။ ထိုဘူးက မီးအိမ်တစ်ခု ၊ မီးအိမ်က နေကြာပန်းပုံလေး၊
" ဒါတွေ ကျွန်တော့်တွက်မလိုပါဘူး သူဌေး"
"ဘယ်ဟုတ်မလဲ ၊ အစ်ကို သင့်ရာရဲ့ ဆွဲ ကြိုးမြင်ကတည်းက သတိထားမိတာ သင့်ရာ နေကြာပန်းကြိုက်တယ်ဆိုတာကို ဒါကြောင့်မငြင်းပါနဲ့ ဒါပြီး
ဒီနေ့ပြောပြပေးတဲ့အတွက်လည်း ကျေးဇူးတင်လို့ပါ"
YOU ARE READING
မနက်ဖြန်ဆိုတာ..ရှိနေသရွေ့ ( Completed)
Lãng mạnမိန်းကလေးတစ်ယောက်ကို နှလုံးသားတစ်ခုလုံးနဲ့ချစ်နေတာကို သိနေတဲ့ကျွန်တော်က ကျွန်တော် ကိုကို့ ကို ချစ်မိနေ ပါတယ်လို့ ဘယ်လိုပြောထွက်မှာလည်း။