intro

3.8K 46 0
                                    

ကျွန်တော်  စာအုပ်တစ်အုပ်မှာဖတ်ဖူးတာက

'အချစ်မခံခဲ့ရတဲ့ကလေးက မချစ်တတ်ကြဘူး'တဲ့၊

ဒါကအမှန်တရားလို့ထင်တယ် ဟုတ်တယ်လေ ချစ်တတ်အောင်သင်ပေးမယ့်သူ
မရှိတော့ မချစ်တတ်တာ အဆန်းမှမဟုတ်ပဲ စာအုပ်ထဲက ကလေးက ကျွန်တော့်လိုမျိုး
ပဲလား ဒါပေမယ့်မတူတာက ကျွန်တော်က ထိုစာအုပ်ထဲက ကလေးထက် ပိုဆင်းရဲနေလို့ပဲ ၊

ကျွန်တော့်အမေ အမြဲပြောတတ်တဲ့ စကားက

' မမွေးလာခင်ကတည်းက ကောင်းကျိုးမပေးဘူး'

တဲ့ ၊ ကျွန်တော်ထိုစကား ကိုကြားတော့ နည်းနည်း ပြုံးမိသွားခဲ့တယ် ဒါပေမယ့် ဘာမှတော့ ပြန်မပြောခဲ့ပါဘူး။

ကျွန်တော့်ကို တက္ကသိုလ် တတ်ခွင့်​ြပု တာကိုပဲ ပိုပြီး ကျေးဇူးတင်မိတယ်၊

ကျွန်တော့်ရဲ့ အစ်ကိုက ဆရာဝန်တစ်ယောက် သူကအရမ်းတော်တယ် ၊ ကျွန်တော်က ကိုကြီးနဲ့ ယဥ်ရင် အမြဲတမ်း နောက်ကျနေတတ်တယ် ဒါကိုပဲ အမေက အမြဲစကားထဲ ထည့်ပြောတတ်တယ်။

ဘာလို့ဆို ကျွန်တော်မွေးတဲ့နှစ်မှာ အမေတို့ စီးပွားရေး ပျက်စီးသွားခဲ့ရတယ် ၊ ဒါပြီး
ကျွန်တော့် ဒေါ်လေးက ဆုံးသွားခဲ့တယ်တဲ့
ဒါကြောင့် ကျွန်တော် တစ်ခုခုအမှားလုပ်မိရင် အမြဲ ထိုစကားကိုပြောလေ့ရှိတယ်။

ကျွန်တော် အဝေးသင်ပြောင်းပြီး အလုပ်
လုပ်မယ် ပြောပေမယ့် ကိုကြီးက သဘော
မတူခဲ့ပါ ၊ ဒါကြောင့်ကျွန်တော် အချိန်ပိုင်းအလုပ်တွေ အများကြီးလုပ်ခဲ့တယ် ၊ ကိုကြီးက ကျွန်တော့်ရဲ့ ကျောင်းအတွက်လိုအပ်တာမှန်သမျှကို ပေးပေမယ့် ကျွန်တော့်ရဲ့
နေ့စဥ်အသုံးစရိတ်တွေ ရဖို့ ကျွန်တော် အလုပ်တွေအများကြီးလုပ်ခဲ့တယ် ဒေး ကျောင်းသားတစ်ယောက်ဖြစ်ရတာ ပိုက်ဆံဘယ်လောက်ကုန်လဲ ကျွန်တော်အသိဆုံးပါ။

ကျွန်တော်အလုပ်တွေလုပ်ရတာ မပင်ပန်းပေမယ့် အိမ်ကိုပြန်လာတိုင်း အမေက ကျွန်တော့်ဆီကပိုက်ဆံတွေတောင်းပြီး သုံးပစ်တတ်ပေမယ့် ကျွန်တော်တစ်ခါတလေပြန်ပြောမိရင်

' နင့် ကိုကြီးလောက် ပိုက်ဆံရှာနိုင်မှ စကားလာပြော'
'နင်ကအငယ်ပဲ မိသားစု ကိစ္စတွေဘာမှ နင်ဝင်မပြောနဲ့ '

ကျွန်တော် သူတို့ပြောတဲ့အတိုင်း နေခဲ့ပါတယ် ဒါပေမယ့် အရမ်းနာကျင်ရတယ်မလား
ဘယ်မိဘက သားသမီးကိုဒီလိုပြောလို့လဲ ၊ ကျွန်တော့် စိတ်ထဲအမြဲ စွဲနေတဲ့ခံယူချက်က ပိုက်ဆံက အရမ်း စွမ်းအားမြင့်တာပဲဆိုပြီး။

#လေသင့်ရာ 🍁
ဇာတ်လမ်းမိတ်ဆက်ပါ 🌻။

မနက်ဖြန်ဆိုတာ..ရှိနေသရွေ့ ( Completed) Where stories live. Discover now