Ep(26)

1K 21 0
                                    

Ep26
ကျွန်တော့်ရှေ့က ကောင်ငယ်လေးကိုကြည့်လိုက်သည်။ စကားပြောတာက ပြတ်သားသည်။ ကျွန်တော် သူ့ရဲ့ လက်ကို ဆုတ်ကိုင်လိုက်သည်။ ဘာပြောရမှာလဲ။

" ကိုကို့အချိန်ပေးလို့ရမလား......."

သင့်ရာက ဇာန်းကိုကြည့်ပြီးရယ်လိုက်သည်။ ဒီအရာက နည်းနည်းရယ်စရာကောင်းနေမလား။

ဒါက ဘာအခြေနေလဲ၊

" ဒါဆို ကျွန်တော်ကို့ မငြင်းဘူးပေါ့ "

"မင်းအရမ်း စကားနိုက်တာပဲ ၊ ဒါနဲ့ ပြောတော့ စာက ၂ ဘာသာပဲ ဖြေရမှာဆို စာတွေဘာလို့ ဒီလောက်ကျက်နေရတာလဲ "

"ကျွန်တော် ကျူပါအောင်ဖြေမှာ ဘယ်လိုလဲ ကျွန်တော် လုပ်နိုင်မယ်မလား "

ဇာန်းက သင့်ရာရဲ့ ခေါင်းကိုပုတ်ကာ ပြုံးလိုက်သည်။

" ကိုကို့ အသေးလေးက လုပ်နိုင်မှာပါ ၊ တကယ်လို့ပါရင် ရာရာ ကြိုက်တာဝယ်ပေးမယ် "

"တကယ်ပြောတာနော်! "

ကျွန်တော်ဘာပဲ ဖြစ်ဖြစ်ပျော်သည်။ စားပွဲမှာ ချထားတဲ့ အအေးဘူးကိုဖောက်သောက်လိုက်သည်။
ဒါပြီး သင့်ရာ က ဇာန်းရဲ့ ဖန်ခွပ်မှာ အနည်းငယ်ထည့်ပေးလိုက်သည်။ နှစ်ယောက်လုံး အအေးကို သောက်ပြီး ပန်းတွေကိုအတန်ကြာကြည့်​နေလိုက်ကြသည်။

" အိမ်ကိုလိုက်မလား! "

"ဟင်! "

"ကားမောင်းတတ်တယ်မလား ၊ ကိုကို့ ကိုကားမောင်းလိုက်ပို့ပေး "

"ဟုတ်ကဲ့ ခဏလေးစောင့် ၊ "

"အင်း! "
အိမ်ပေါ်ထက်ကိုတတ်သွားတဲ့ သင့်ရာ ကို ဇာန်းက
ကြည့်လိုက်သည်။ သူက တကယ်ချစ်စရာလေးပါ။
ဒါပြီး ကြည့်ရတာ ချစ်သူလည်းတစ်ခါမှမထားဖူးဘူး၊
ကျွန်တော် သူ့ကို ကြည့်လိုက်တဲ့အချိန်တိုင်း အမြဲ ချစ်စရာကောင်းနေသည်။

ဘယ်လိုမျိုးလဲ သိုးကောင်လေး လိုပဲ ။

ခဏကြာတော့ သင့်ရာ က ကျောပိုးအိပ် ကိုလွယ်ပြီး အိမ်အပြင်ကိုထွက်လာခဲ့သည်။ ဒါပြီး ဇာန်းကို သွားစွယ်လေးတွေပေါ်အောင် ရယ်ပြသည်။

" ရပြီ သွားကြရအောင် "

ကားထဲဝင်လိုက်ပြီး သင့်ရာက ကားကို မောင်းလိုက်သည်။ ဇာန်းက ကားထဲမှာ ခဏလောက် အိပ်လိုက်သည်။ ညမအိပ်ရတဲ့ရက်တွေဘယ်လောက်များနေပြီလဲ။

မနက်ဖြန်ဆိုတာ..ရှိနေသရွေ့ ( Completed) Where stories live. Discover now