Ep14
ကျွန်တော်ပြင်ဦးလွင်ကိုရောက်နေသည်ဆိုတဲ့အကြောင်းကို ရာရာ ကိုဖုန်းမက်ဆေ့ပို့လိုက်သည်။
ခဏကြာတော့ ရာရာ က သူ့လိပ်စာကိုစာပို့ပေးသည်။
ထိုလိပ်စာအတိုင်းလာခဲ့တော့ နေရာတိုင်းမှာ ပန်းတွေနဲ့ပြည့်နက်နေသည်။ ထူးဆန်းတယ်မဟုတ်လား ဒီမြို့ထဲဝင်တာနဲ့ အမွှေးနံ့ကထူးဆန်းစွာကြိုဆိုနေသည်။
ဒါပြီး မြို့က အရမ်းလှတယ် အရောင်အသွေးစုံလင်ပြီး နေရာတော်တော်များများက လှသည်။
အိမ်တွေက တိတ်ဆိတ်နေပြီး ခြံဝင်းတွေက တော်တော်ကျယ်သည်။ ဒါပေမယ့် အရမ်းလှတယ်။
ကားကိုရပ်လိုက်တော့ ရာရာ က ဇာန်းကိုလာကြည့်ပြီး
ပြုံးပြလာသည်။" အရမ်းပူနေလား အထဲဝင် "
"ရတယ် မပူဘူး ကိုကို အထုတ်တွေချလိုက်အုံးမယ်"
"ကျွန်တော် ကူလုပ်ပေးမယ် "
သင့်ရာက ဇာန်းရဲ့ luggage အိပ်ကိုကူချပေးသည်။ ရက်အနည်းငယ်ပဲ နေမှာကိုဘာလို့ အိတ်အကြီးသယ်လာလည်း စဥ်းစားမရပါ။
အိမ်ထဲဝင်လိုက်တော့ နည်းနည်းအေးသွားသည်။
အလုပ်သမားတွေက ဇာန်းကို ကြည့်နေကြသည်။
သင့်ရာက ဇာန်းကိုသာကြည့်နေပြီးအိမ်ထဲ ဝင်လာသည်။
ကိုခိုင်စော ကလည်း သင့်ရာနောက်ကလိုက်လာပြီးတော့ ဇာန်းအတွက်အခန်းကိုပေးသည်။
ဒါပေမယ့် ဇာန်းက သင့်ရာ နဲ့သာအတူနေမည်ဟု ဆိုလာတာကြောင့် ကိုခိုင်စောက ဘာမှမပြောတော့ပါ။"သင့်ရာ အစ်ကိုနဲ့အေးဆေးနေ အစ်ကို ဟိုဘက်က အလုပ်သမားတွေကိုထမင်းစားဖို့သွားပြောလိုက်မယ်"
"ဟုတ်ကဲ့ ကိုခိုင်စော ၊ ဒါနဲ့ သူတို့ကို နေ့လည် ဘာစားချင်လည်းမေးပြီး စားချင်တာဝယ်ကျွေးလိုက်ပါ"
"ဟုတ်ပြီ "
ကိုခိုင်စော က ထွက်သွားတော့ ဇာန်းက သင့်ရာကိုလာကြည့်သည်။
"ဘာလို့ ကျွန်တော်နဲ့အတူနေဖို့ပြောလိုက်တာလည်း အခန်းတစ်ခန်းပိုနေတာကို "
"ဟိုတစ်ယောက်အခန်းက ဘယ်အခန်းလဲ "
"ဟိုဘက်ကအခန်း ၊ ဒါနဲ့ ရေချိုးပြီးရင်ထမင်းလာစားအုံး ကျွန်တော် ထမင်းပွဲ ပြင်လိုက်မယ် "
YOU ARE READING
မနက်ဖြန်ဆိုတာ..ရှိနေသရွေ့ ( Completed)
Romanceမိန်းကလေးတစ်ယောက်ကို နှလုံးသားတစ်ခုလုံးနဲ့ချစ်နေတာကို သိနေတဲ့ကျွန်တော်က ကျွန်တော် ကိုကို့ ကို ချစ်မိနေ ပါတယ်လို့ ဘယ်လိုပြောထွက်မှာလည်း။