Ep(23)

1.1K 19 0
                                    

Ep23
"မင်း ကျောင်းပြီးရင် မိုးကုတ်မှာပဲ နေတော့မှာလား"

"မသိသေးဘူး ၊ တကယ်တော့ ငါ ပြည်ပကိုထွက်ချင်တယ် ဒါပေမယ့် သူဌေးကသူနဲ့အတူနေဖို့ပြောနေတယ် "

"ဘာဖြစ်လို့လဲ မင်းလစာလည်းကောင်းတာပဲ ၊ အဲအလုပ်ကိုထွက်မှာလား "

"တကယ်တော့ အလုပ်ကအဆင်ပြေတယ် လူတွေကအဆင်မပြေတာ မင်းလည်းသိတဲ့အတိုင်းပဲ ၊ အလုပ်က familytype လိုဖြစ်နေတာကွာ အဲတာကအရမ်းအဆင်မပြေဘူး "

"မင်းပြည်ပကိုသွားရင် အင်ကြင်းက ခွင့်ပြုမှာတဲ့လား အနေဝေးတဲ့ ဆက်ဆံရေးမျိုးက လုံးဝအဆင်မပြေဘူး တမာန် ၊ မင်းသူ့ဘက်ကိုလည်းတွေးအုံး "

ဒါတော့ဟုတ်တယ် သင့်ရာ ပြောတာလည်းဟုတ်နေတာပဲ ၊ အနေဝေးတဲ့ဆက်ဆံရေးမျိုးက relationship တစ်ခုပြတ်တောက်ဖို့အရမ်းလွယ်ကူတယ်။
ဒါပေမယ့် ကျွန်တော် အင်ကြင်း ကို သူ့ရဲ့မိဘတွေ သဘောတူဖို့အတွက်က အခုထက်ပိုက်ဆံရှာနိုင်ဖို့ပဲ မဟုတ်ဘူးလား။
အင်ကြင်း တို့က ကျွန်တော်တို့မိသားစုထက် ချမ်းသာတယ် ဒါကပဲ ကျွန်တော့်ကို အတွေးတွေမျိုးစုံကို ဝင်ရောက်စေတယ် ၊ ကျွန်တော်က ယောကျာ်းတစ်ယောက် ပိုက်ဆံလုံလောက်မူ့မရှိပဲ သူမကို ဘယ်လိုတာဝန်ယူနိုင်မှာတဲ့လည်း။ ဒါပြီး ကျွန်တော်နဲ့ ယဥ်ရင် သူမက အရာရာသာသေးတယ် ။
အလုပ်အကိုင်အတည်အကျရှိတယ်။ ဒါပြီး သူနာပြု တစ်ယောက် ၊ ကျွန်တော့်မှာတော့ ကျောင်းမပြီးသေးသလို အလုပ်အကိုင်အတည်အကျမရှိသေးပါ။
ကျောက်သူဌေးနဲ့ အလုပ်ဘယ်လောက်ပဲ လုပ်ပါစေ သူဌေး တရုတ်ကိုပြန်သွားရင် ကျွန်တော့်ရဲ့ အလုပ်လည်း ဆုံရှုံးသွားနိုင်တယ်။

" ငါ မသိတော့ဘူး သင့်ရာ၊ သေချာတွေးမိရင် ငါ က အင်ကြင်းနဲ့မတန်ဘူးလို့ ထင်တယ်"

"မင်းကလည်း ၊ ဘာလို့ ကိုယ့်ဟာကို အများကြီးတွေးနေမိတာလည်း လောကမှာ မထိုက်တန်ဘူးဆိုတဲ့ အရာမှမရှိတာ  လူတိုင်းမှာ ကိုယ့်တန်ဖိုးနဲ့ကိုယ်ရှိတယ် "

တမာန်ကိုပြောပြီး စာကိုလုပ်လိုက်သည်။ ကျွန်တော်က သူများကိုပဲ moti ပေးနိုင်တာ ကိုယ့်ဟာကို တော့ moti မပေးနိုင်ဘူး။ အဖြောင့်တစ်ယောက်ကို သဘောကျရတာ လွယ်တာမှမဟုတ်ပဲ။
ဒါပေမယ့် ကိုကို့အကြောင်းကိုတွေးလိုက်ရင် အလိုလို ပြုံးမိလာတယ် ဒါက အချစ်ပဲလို့ထင်တယ်။

မနက်ဖြန်ဆိုတာ..ရှိနေသရွေ့ ( Completed) Where stories live. Discover now