Ep15
ဒီနေ့က ဘာမှ လုပ်စရာသိပ်မရှိသလို ကိုကို က အပြင်သွားဖို့အတွက်ပြောနေခြင်းပါ။
ခြံက ကား ကို သင့်ရာက မောင်းလာလိုက်သည်။
ကိုကိုက ကားမှန်ကို ဖွင့်ထားလိုက်ပြီး လေအေးအေးလေးကို ခံစားလိုက်သည်။ကားလေးက ပန်းချီပစ္စည်းတွေရောင်းတဲ့ဆိုင်ကိုရောက်လာသည်။ ကိုကိုက ကားထဲက ဆင်းလိုက်ပြီးတော့ ဆိုင်ထဲ ကို ဝင်သွားသည်။ သင့်ရာက နောက်ကလိုက်လာပြီးတော့ ပုံစံတွေကို လိုက်ကြည့်နေသည်။
ဇာန်းက graphit powder ဘူးကို ယူလိုက်သည်။
" ဘာလို့ ကာလာနဲ့ဟာမယူတာလည်း "
"ကာလာမပါတာပဲ ဆွဲမယ် ၊ ရာရာ က ကာလာနဲ့ကိုသဘောကျလို့လား "
"မဟုတ်ပါဘူး အရင်ကဆို ကောင်းကင်ပုံတွေပဲ ဆွဲလို့ ၊ အခုက အဖြူနဲ့အမဲပဲလား "
"ဒါပဲ! "
ဇာန်းက ပစ္စည်းကိုငွေချေလိုက်သည်။ ဒါပြီး
နှစ်ယောက်အတူထွက်လာသည်။"ကားမှန်တင်လိုက်မယ် ၊ ဒီနားက ပန်းတွေက
အမွှေးနံ့အရမ်းများတယ် ""ရပါတယ် "
ကိုကိုက သိနေတုန်းလား သင့်ရာ ပန်းအနံ့တွေနဲ့
မတည့်တာကို ။
ကိုကို ပန်းချီဆွဲလို့ကောင်းတဲ့နေရာတစ်ခုမှာကားကိုရပ်လိုက်သည်။ အရိပ်ရပြီး အေးတဲ့နေရာလေး ။
ကိုကိုပန်းချီဆွဲတာကိုမကြည့်ရတာ ဘယ်လောက်ကြာခဲ့ပြီလဲ ၊ တစ်ခုခုကိုအာရုံစိုက်ပြီး လုပ်နေတဲ့ ကိုကို့ပုံစံက ဆွဲဆောင်မူ့ရှိတယ် ။
အရင်ကအတူဝတ်ခဲ့တဲ့ လက်ပတ်က အခုဆို ကျွန်တော်တို့နှစ်ယောက်လုံးမှာ မရှိတော့ဘူး ။
အရာဝတ္ထုတစ်ခုပဲ ဘယ်အချိန်ထိခံနေမှာလည်း ၊သင့်ရာက လက်မှာ ဝတ်ထားတဲ့ လက်စွပ်ကို ချွတ်လိုက်ပြီး ဇာန်း ကိုပေးလိုက်သည်။
ဇာန်းက ပထမတော့ ကြည့်ပေမယ့် လက်စွပ်ကိုမယူပါ။"ဘာလို့လဲ ရာရာ! "
" ကျွန်တော် သူများပစ္စည်းယူထားသလိုဖြစ်နေပြီ"
"မဟုတ်တာ ။ ကိုကိုက သူများလား ရာရာ ၊
ကိုကိုက ရာရာ ရဲ့အစ်ကိုပဲလေ "အစ်ကိုတဲ့ ကျွန်တော်တစ်ခါမှ ကိုကို့ရဲ့ညီတစ်ယောက်မဖြစ်ချင်ခဲ့သလို အစ်ကိုတစ်ယောက်လိုလည်းမသတ်မှတ်ခဲ့ပါ။
ဒါပြီး ေမျာ်လင့်ချက်အတုယောင်တွေထဲမှာ မသာရာချင်တော့ပါ ၊
YOU ARE READING
မနက်ဖြန်ဆိုတာ..ရှိနေသရွေ့ ( Completed)
Romanceမိန်းကလေးတစ်ယောက်ကို နှလုံးသားတစ်ခုလုံးနဲ့ချစ်နေတာကို သိနေတဲ့ကျွန်တော်က ကျွန်တော် ကိုကို့ ကို ချစ်မိနေ ပါတယ်လို့ ဘယ်လိုပြောထွက်မှာလည်း။