Ep40
ဇာန်းက ကလေး နဲ့ သင့်ရာ ကိုကြည့်လိုက်သည်။ ကိုးက သူ့ဖေဖေ ပုခုံးမှာ မှီနေပြီ ဘာစကားမှမပြောပဲ
မှေးနေသည်။
ဇာန်းက" ရာရာ ညောင်းနေရင် သားကို ကိုကို့ပေး "
" ရတယ် ကျွန်တော်ပဲ ချီထားလိုက်မယ် ၊ သားက ခဏနေရင် အိပ်ပျော်တော့မှာ "
" ဖေဖေ က ကိုး ကို ဒီမှာ ပဲ ကျောင်းထား မလားတဲ့ ၊ အဲတာ ရာရာ ဘယ်လိုထင်လည်း "
" ဒီမှာ ဆိုတော့ ပိုအဆင်ပြေတယ် ၊ ကျွန်တော်လည်း သားနဲ့ ခွဲ ပြီးနေစရာမလိုတော့ဘူး "
" ဒါဆို သား ငါး နှစ်မပြည့်ခင် ကိုကို တို့ လက်ထပ်ကြမယ် "
" ဟင်! ! လက်ထပ်မယ် "
ဇာန်းက ရာရာ ကိုကြည့်လိုက်သည်။ ဒီကလေးက လက်မထပ်ချင်ဘူးလား ။
" ဘာဖြစ်လို့လဲ ရာရာ ၊ ကိုကို နဲ့ လက်မထပ်ချင်လို့လား "
" အာ ၊ မဟုတ်ပါဘူး ဒီအတိုင်း နေရင်လည်း ရလို့ပါ တော်ကြာကလေးက သူ့ရဲ့ ကျောင်းမှာ ကျွန်တော်တို့ကြောင့် အပြောခံရမှာ စိုးလို့ပါ "
သင့်ရာ အပြောကြောင့် ဇာန်း ရဲ့ မျက်နှာ က အနည်းငယ် တည်သွားသည်။ သင့်ရာက အများကြီးတွေးနေပြန်ပြီ။ ဒါပြီး ဇာန်းက သင့်ရာ ရဲ့ ပါးကို လက်နဲ့အသာပွတ်လိုက်သည်။
ဒါက နိုင်ငံခြားမဟုတ်ဘူး မြန်မာနိုင်ငံ အများကြီးဆင်ခြင်ရမှာက ဟုတ်နေတာပဲ ။" ရာရာ လုပ်စေချင်တဲ့အတိုင်း ကိုကိုလုပ်မယ် "
" မဟုတ်ဘူး ။ ကိုကို သဘောတိုင်းပဲလုပ်ပါ ကျွန်တော်ကအဆင်ပြေပါတယ် "
" ဟုတ်ပြီ ၊ အများကြီး အတွေးမများနဲ့ ကိုကို ကြည့်ပြီး စီစဥ်လိုက်မယ် "
သင့်ရာက ဇာန်းရဲ့ ကိုယ်မှာ မှီလိုက်သည်။ သားကလည်း အခုထိ သူ့ရဲ့ ရင်ခွင်ထဲမှာ ရှိနေဆဲ။
ကျွန်တော် သင့်ရာရဲ့ ဆံပင်ကိုအသာပွတ်လိုက်သည်။
ရာရာ ပြောတာလည်း ဟုတ်တယ် ၊ ဒါက မြန်မာနိုင်ငံ တစ်ချို့တွေက လက်ခံကြပေမယ့် တစ်ချို့တွေက လက်မခံကြဘူး ။ သူတို့ ဒီအတိုင်းနေတာက ပိုပြီး အဆင်ပြေတယ် ၊ ဒါပြီး ရာရာ ရဲ့အလုပ်ကလည်းရှိသေးတယ် ၊ သူက တက္ကသိုလ် ဆရာတစ်ယောက် ဒီလိုမျိုး ယောကျာ်းလေးချင်း ကြိုက်တယ်ဆိုတာက
ရုပ်ရှင်တွေထဲမှာပဲ ပိုကောင်းတယ် အပြင်လက်တွေ့မှာ ဒီလောက် လွယ်ကူနေတာမဟုတ်ဘူး ။
ဒါက အများကြီးတွေးရတယ် ။ living together နေတာမျိုးကလည်း အဆင်ပြေတယ် ၊ ကျွန်တော်က လက်ထပ်ချင်တယ်ပြောပေမယ့် ရာရာက လက်ထပ်ချင်တဲ့ပုံမပေါ်ပါ။ သူက တစ်ခုခုဆို အများကြီးတွေးတတ်တယ်။ ပတ်ဝန်းကျင် ဆိုတာကလည်း ရှိသေးတယ် အခုထိတော့ ဒါက သဘာဝနဲ့ ဆန့်ကျင်နေတာပဲ မဟုတ်ဘူးလား။
ဘာပဲ ဖြစ်ဖြစ် နှစ်ဖက်မိဘသဘောတူနေရင်ရပြီ။
တစ်ခုကောင်းတာက နှစ်ဖက်မိဘတွေအချင်းချင်း ကြည်ဖြူနေတာပါပဲ ။
YOU ARE READING
မနက်ဖြန်ဆိုတာ..ရှိနေသရွေ့ ( Completed)
Romanceမိန်းကလေးတစ်ယောက်ကို နှလုံးသားတစ်ခုလုံးနဲ့ချစ်နေတာကို သိနေတဲ့ကျွန်တော်က ကျွန်တော် ကိုကို့ ကို ချစ်မိနေ ပါတယ်လို့ ဘယ်လိုပြောထွက်မှာလည်း။