Ep(31)

951 18 0
                                    

Ep31
ကိုကြီးက မိသားစုအတွက် သူ့ရဲ့ ချစ်သူကို လမ်းခွဲခဲ့တယ်၊ ထိုတလောက ဆိုကိုကြီး အိမ်မှာ ဘယ်သူနဲ့မှစကားမပြောပါ၊ ထိုအရာက နည်းနည်း နာကျင်စရာတော့ ကောင်းတယ်မဟုတ်ဘူးလား။

မိသားစုထမင်းဝိုင်းတွင် ဖွားက

" မဂ်လာနေ့ကိုဘယ်နေ့လောက်စီစဥ်ထားကြလဲ "

" ရှေ့ လ ၁ ရက်နေ့ ပါ အမေ ၊ "

" ရက်ကောင်းရင်ပဲ ရပြီ ၊ ဘာပဲ ဖြစ်ဖြစ် ငါ့မြေး က သူဌေးဖြစ်မည့် ကံက ပါကိုပါလာတာပါ၊ "

"သားစိုင်း မဂ်လာပွဲ ပြီးရင် ခင်တို့ အိမ်ပြောင်းရမယ်အမေ ၊"

"အိမ်ပြောင်းရမှာလား! ဘယ်နေရာကိုလဲ "

"ရန်ကုန် ဘက်ကိုပါ၊ အဲ ဘက်မှာဆို သားစိုင်းလည်း ဆေးရုံသွားရတာ ပိုအဆင်ပြေတယ်၊ ဒါပြီး အိမ်ကလည်း ဝယ်ထားပြီးပြီ "

"သားတို့ သမီးတို​့ ကောင်းသလိုပဲ စီစဥ်ပါ ၊ ဒါနဲ့ ဒီအိမ်ကိုကော ရောင်းမှာလား "

" မရောင်းဘူးအမေ၊ ဒီအိမ်ကို ဒီအတိုင်းပဲ ထားမှာပါ "

"ကောင်းတယ် ကောင်းတယ်"

ပိုက်ဆံ သိန်း ၁၅၀၀၀ ဆိုတာ သူဌေးတွေကအတွက်က ဘာမှ မဟုတ်ပေမယ့် ကျွန်တော်တို့လို သာမန်လူတွေအတွက်က များလွန်းတယ်မဟုတ်ဘူးလား၊ တစ်ခါတလေ ဖေဖေ တို့ရဲ့ စကားကိုလွန်ဆန်ချင်မိသေးတယ်၊ဒါပေမယ့် တစ်ဖက်ကကြည့်ရင် ကျွန်တော်က အကြီးပဲ ကျွန်တော့်ရဲ့မိသားစု ကောင်းစားဖို့အတွက် လုပ်ရမှာပဲ မဟုတ်လား။

အကြီးဆုံးတစ်ယောက်က ဘယ်အရာကိုမဆို အများကြီးတွေးရတယ်၊ ကျွန်တော်တစ်ခုလုပ်လိုက်လို့
ကျွန်တော့်ရဲ့မိသားစု ဒုက္ခရောက်သွားမှာကို တော့ကျွန်တော် မလိုချင် အမှန်တိုင်းပြောရရင် မိဘတွေစိတ်ချမ်းသာဖို့အတွက် ကျွန်တော်ရွေးချယ်ရမည်။

တစ်ခါတလေ ကိုယ်လွတ်ရုန်းထွက်ချင်ပေမယ့် မဖြစ်နိုင်ဘူး၊ ကျွန်တော့်ကိုမှီခိုနေတဲ့မိသားစု ဒါပြီး ညီလေးက ဘွဲ့မရသေးဘူး ဒါတွေကို ကျွန်တော် ဥပေက္ခာပြုထားလို့မရဘူး၊ ကျွန်တော့်ချစ်သူကို အဝေးဆုံးကိုခေါ်ပြီး ထွက်သွားလိုက်ရင် ကျွန်တော့်ရဲ့မိသားစုက ပြိုကွဲသွားရတော့မယ်။

မနက်ဖြန်ဆိုတာ..ရှိနေသရွေ့ ( Completed) Where stories live. Discover now