ငြိမ်သက်နေတဲ့ရေပြင်ကျယ်ကြီးကိုကြည့်ပြီး သက်ပြင်းချလိုက်သည်။လတ်ဆက်တဲ့လေနုအေးကသူ့မျက်နှာပြင်ကိုဖြတ်ပြေးသွားတော့ မျက်လုံးစုံမှိတ်ပြီးခံယူလိုက်သည်။သဘာဝနဲ့အမြဲထိတွေ့ရလို့ သူပျော်ပါတယ် ။ကားသံတညံညံနဲ့ရှုပ်ယှက်ခတ်နေတဲ့ မြို့ကြီးနဲ့စာရင် အခုလိုလူခြေတိတ်ဆိတ်နေတာကို ပိုသဘောကျတယ်။
အနည်းငယ်မတ်စောက်နေတဲ့ တောင်ကုန်းပေါ်မှာ အစီရီဆောက်ထားတဲ့ အိမ်လေးတွေကမလှမ်းမကမ်းမှာရှိနေသည်။တိတ်ဆိတ်အေးချမ်းတဲ့နယ်မြို့လေးတမြို့ပါပဲ။ ရာသီပေါ်သီးနှံတွေကိုအဓိကထားပြီးစိုက်ပျိုးတာဖြစ်လို့ စီးပွားရေးကသိပ်ပြီးမထွန်းကားပေ။သို့ပေမယ့် သူ့အတွက်တော့ နေချင်စဖွယ်ကောင်းတဲ့ မြို့လေးဖြစ်လို့ ဘယ်မှမပြောင်းချင်တော့ဘူး။
*ဖေဖေ....ဒယ်ဒီရောက်နေပြီ....*
*ဟုတ်လား....*
*ဟုတ်ကဲ့..ဖေဖေ့ကိုကူဖို့လိုသေးလား....*
*ဖေဖေလာခဲ့မယ် ....သမီးသွားနှင့်ပြီး သမီးဒယ်ဒီအတွက်စားလို့ရအောင်တခုခုပြင်ပေးလိုက်....*
*ဟုတ်ကဲ့...*
6နှစ်အရွယ်ချစ်စရာသမီးလေးက ဆံပင်နှစ်ခွစည်းကာ ဂါဝန်ပန်းရောင်လေးဖြင့် သူ့ဆီအပြေးလာပြီးပြောသည်။ရယ်လိုက်တိုင်း ပေါ်လာတက်တဲ့ ပါးချိုင့်သေးသေးလေးနဲ့ ဖြူဖွေးအသားရည်က သမီးလေးကိုပိုပြီးချစ်ဖို့ကောင်းစေသည်။
အပြာနုရောင် တိုက်ပုလေးမှာသူနဲ့သမီး နှစ်ယောက်ထဲနေပြီး သမီးရဲ့ဒယ်ဒီကတော့ အလုပ်ပိတ်ရက်,ဒါမှမဟုတ် အားလပ်တဲ့အချိန် ဘယ်ချိန်မဆို ရောက်ချလာတယ်သည်။
သူနဲ့တော့မဆိုင်တော့ပါဘူး။ဒါပေမယ့် သမီးမျက်နှာရှိနေတော့ မခေါ်မပြောလို့မဖြစ်ပေ။မကြည့်ချင်တဲ့မျက်နှာကို ဟန်ဆောင်အပြုံးလေးနဲ့ကြည့်ရမှာဖြစ်လို့ စိတ်မောရ၏။ခြံအနောက်ဘက်က တောင်ကုန်းလေးမှာလေညှင်းခံနေရင်းကနေ wheel chair လေးကိုကိုယ်တိုင်တွန်းကာ သမီးအေနာက်ကို လာလိုက်ခဲ့သည်
သုံးစားမရတော့တဲ့ သူ့ခန္ဓာကိုယ်အောက်ပ်ုင်းကြောင့် လောကကြီးထဲကထွက်သွားဖို့အကြိမ်ကြိမ်တွေးဖူးတယ်။ဆေးတွေသောက်ပြီး သက်သေဖို့လုပ်ပေမယ့် အရာမရောက်ခဲ့ပေ။ကြည့်ရတာ ကံကြမ္မာကသူ့ကိုမျက်နှာသာမပေးဘူးဖြစ်မယ်။