ပျော်ရွှင်စရာအိမ်ထောင်ရေးကနေ တဖြည်းဖြည်းနဲ့သံသယဝင်စရာကောင်းအောင် ပြောင်းလဲသွားတဲ့ ဂျောင်ဂုရဲ့ပုံရိပ်တချို့ကိုသူသတိထားမိလာတယ်။ပုံမှန်ထက်ပိုပြီးအိမ်ပြန်နောက်ကျလာတဲ့ နေ့တွေ့ကလည်းဒီရက်ပိုင်း စိတ်လာတယ်။လုပ်ငန်းရှင်ကြီးဖြစ်လို့ ပုံသေတွက်ထားလို့မရတာကိုသူနားလည်ပါတယ်။အခွင့်ရေးလည်းအပြည့်ဝပေးထားတယ်။သူ့ကိုလည်းပြုစုရ ၊သမီးကိုလည်း ထိန်းကျောင်းရနဲ့ဆိုတော့ ပင်ပန်းမှာဘဲဆိုပြီး ဖြည့်တွေးပေးတယ်။
သူကလည်းခေါင်းမာပြီးနိုင်ငံခြားမှာ ဆေးကုသခွင့်မခံယူဘဲပေတေပြီးနေနေတာ ဂျောင်ဂုအတွက်ဝန်ထုတ်ဝန်ပိုးဖြစ်နေမလားဆိုပြီး တွေးပူရသေးတယ်။တယောက်ထဲ လေ့ကျင့်ခန်းလုပ်လို့မရတော့ သူ့ခြေထောက်တွေကပိုဆိုးလာတယ်။သွေးလေလှုပ်ရှားမှု့မရှိဘဲ အမြဲတမ်းထိုင်နေရတော့ တော်ရုံနဲ့ကောင်းလာဖို့ လမ်းမမြင်ပေ။
ဂျောင်ဂုတို့သားဖမရှိရင် သူလည်းပျင်းတာကြောင့် wheel chair ကိုတွန်းပြီးတက်နိုင်သလောက် အိမ်မှု့ကိစ္စတွေကိုလုပ်ထားပေးတယ်။ေဂျာင်ဂုက ကြာရင်သူ့ကိုငြီးငွေ့သွားမှာလည်းစိုးရိမ်ရတယ်။
တီ..!တီ..!တီ..!
တယောက်ထဲအတွေးလွန်နေတဲ့ဂျီမင်က အခန်းတံခါးဘဲလ်တီးသံကြောင့် လန့်သွားရပြီးတရွေ့ရွေ့နဲ့တိုးကပ်သွားလိုက်တယ်။သမီးကျောင်းပြန်ချိန်မဟုတ်သေးပါဘူး။ဧည့်သည်များလား...
*ဘယ်သူလဲ....!*
*ပါဆယ်လာပို့တာပါ...*
*ကျွန်တော်မမှာထားဘူး ။အခန်းမှားနေတာထင်တယ်......*
*ပတ်ခ်ဂျီမင်နာမည်နဲ့ ပို့ခိုင်းလိုက်လို့ပါ။အခန်းနံပါတ်လည်း မှန်ပါတယ်....*
*ကောင်းပါပြီ အရှေ့မှာချထားခဲ့နိုင်မလား...*
*ဟုတ်ကဲ့...!.*
ဘယ်သူပို့ခိုင်းလိုက်မှန်းမသိလို့ ဂျီမင်လည်းတံခါးမဖွင့်ဘဲအထဲကေနအသံပြုလိုက်ပြီး စဉ်းစားခန်းဖွင့်ရပြန်သည်။ဂျောင်ဂုကတော့ ဒီလိုလုပ်မှာမဟုတ်ဘူး။ဒါဆိုသူ့ပရိသတ်တွေများလား....