မှိုင်းညို့တဲ့ကောင်းကင်ကြီးအောက်တွင် တရွေ့ရွေ့မောင်းနှင်နေတဲ့ အနက်ရောင်ကားတစ်စီး၏ဦးတည်ရာသည် "The Future Kids"လို့အမည်ရှိတဲ့ private school ဆီဖြစ်သည် ။ရာသီဥတုကသိပ်မသာယာပေမယ့် သူ့စိတ်ထဲနေလို့အဆင်ပြေသည် ။မကြာခင်ပြိုကျတော့မယ့် တိမ်ညိုတိမ်မဲတွေက လေတချက်ဝေ့လိုက်တိုင်း ကင်းစင်သွားပြီး မိုးပြေးအဖြစ်ကိုရောက်သွားသည် ။လက်ကောက်ဝတ်မှာပတ်ထားတဲ့ တန်ဖိုးကြီးrolex watch ကိုငုံ့ကြည့်ကာ အချိန်နီးကပ်လာပြီဖြစ်လို့ ကားကိုအရှိန်တင်ပြီးမောင်းလိုက်သည် ။
ကျောင်းအပြင်ဘက်မှာ ရပ်ထားတဲ့ကိုယ်ပိုင်ကားတွေကတန်းစီနေသည် ။လူကုန်ထံအသိုင်းဝိုင်းကသား/သမီးတွေပဲ တက်နိုင်တဲ့အဆင့်မြင့်ကျောင်းဖြစ်လို့ လူရည်လည်းသန့်သလို အခကြေးေငွလည်းများသည် ။ကလေးတွေကျောင်းဆင်းချိန်မှ အငြိုးနဲ့ရွာချနေတဲ့ မိုးကြောင့်သူနှာခေါင်းရှုံ့လိုက်သည် ။ အချိန်အခါမဟုတ်ရွာချရတယ်လို့ ။ဒီနေ့ သမီးရဲ့ဒယ်ဒီမအားဘူးဆိုတာ သိထားတယ် ။ကုမ္ပဏီမှာပြဿနာတက်လို့ဆိုလား သူလည်းအတိကျတော့မသိပါဘူး ။ ဒါတောင်Hwanက စကားစပ်မိရင်း ပြောပြလာလို့သိရတာ။ဂျောင်ဂုအကြောင်းကို မကြာခဏပြောလေ့ရှိတဲ့ Hwanကို သူ့စိတ်ထဲမတင်မကျဖြစ်နေပေမယ့် ထုတ်မေမးဖြစ်ခဲ့ပေ ။သူ့ခင်ပွန်းဟောင်းဆိုတာကိုတော့ သိကောင်းသိနိုင်မယ်ထင်၏
သမီးနဲ့မတွေ့ရတဲ့လပိုင်းအတွင်းမှာ လွမ်းဖျားလွမ်းနာကျသွားတဲ့ သူ့ကိုမေမေကသနားသွားလို့ဖြစ်မယ် သမီးတက်နေတဲ့ကျောင်းကိုစုံစမ်းပေးပြီး ပြောပြလာတယ် ။ဒါကြောင့် ဂျောင်ဂုမရှိတဲ့အချိန် ခိုးထွက်လာပြီး လာတွေ့တာ ။တခါလောက်ဖြစ်ဖြစ် ပွေ့ဖက်ထားပြီးတောင်းပန်စကားဆိုရမယ်။သူတို့ကြောင့် သမီးကမြေစာပင်ဖြစ်ရတာ မဟုတ်လား ။
ဒွီ....!ဒွီ.....!
*ဟယ်လို Hwan....*
*ဘယ်ရောက်နေတာလဲ ဂျီမင် ။ခဏနေ meeting စတော့မှာကို အခန်းထဲမရှိလို့ စိတ်ပူနေတာ.....*
*အာ... meeting အမှီပြန်လာခဲ့ပါ့မယ် ။အခုကိစ္စလေးရှိလို့ အပြင်ခဏရောက်နေတယ်..မကြာစေရဘူး.....*