6

1.1K 120 50
                                    


ဖြန်း....!

ကျယ်လောင်တဲ့ရိုက်ချက်ကြောင့် သူ(မ)မျက်နှာတဖက်သို့လည်သွားပြီး ပါးပြင်နုနုပေါ်မှာ လက်ဖဝါးရာ ထင်သွားသည် ။ အပြစ်လုပ်ထားတဲ့သူမို့ ဘာမှပြန်မပြောရဲပေ ။ငယ်စဉ်ကတည်း ကလိမ္မာတဲ့သမီးဖြစ်ခဲ့ပြီး မိဘစကားဆိုနှစ်ခါပြောစရာမလိုအောင် နားထောင်တဲ့သူ(မ) ကအခုများတော့ အချစ်အတွက် အရာရာကိုဆန့်ကျင်တက်နေပြီ။

တိတ်ဆိတ်နေတဲ့အိမ်လေးထဲ သူ(မ)၏ငိုရှိုက်သံနဲ့ မေမေရဲ့အသက်ရှုသံပြင်းပြင်းက ဧည့်ခန်းထဲပဲ့တင်ထပ်နေသည်။ဒေါသထွက်နေတဲ့ မေမေကသူ(မ)ကို မျက်ဒေါင့်နီနီဖြင့်ကြည့်ကာ အံကြိတ်ထားသည် ။နာသွားတဲ့ပါးပြင်ကို လက်ဖြင့်အုပ်ရင်း ခေါင်းငုံ့ကာ အဆက်မပြတ်စီးကျလာတဲ့မျက်ရည်တွေကို ခိုးသုတ်လိုက်သည်။

*မိဘကိုမျက်နှာပျက်အောင်လုပ်တဲ့ သမီးမိုက်...!အခုတော့ ဘာတက်နိုင်သေးလဲ ဟမ်..!ဟိုကနင့်ကိုထားခဲ့ပြီမလား..!မိဘကအရှေ့ကိုကြိုမြင်လို့ တားတာကို စကားနားမထောင်ဘူး..!*

*သမီးတောင်းပန်ပါတယ်...။တောင်းပန်ပါတယ် မေမေရယ်....။‌သမီး မှားသွားတယ် ...*

*မှားမှန်းတော့သိသေးတယ်ပေါ့လေ...!ငွေမက်တဲ့ကောင်က နင့်ကိုအပျော်ကြံ‌ေနတာကို အပျိုစင်ဘဝကိုပေးလိုက်ရတယ်လို့ ငါဖြင့်အံ့ဩလို့မဆုံးဘူး....!*

*တိုးတိုးပြောပါ‌ေ‌မမေရယ် သမီးရှက်လို့ပါ....*

*ရှက်တက်ရင် အစကတည်းကဒီလိုမလုပ်နဲ့လေ..!ငါ့ရှေ့မှာ လာငိုပြမနေနဲ့ ..!..*

ဖုံးမနိုင်ဖမရတဲ့အခြေနေရောက်လာတော့မှ ဂျယ်ဝန်းလည်း မိဘတွေကိုဖွင့်ပြောလိုက်တယ် ။အပျိုဗိုက်ဖြစ်လို့ တအားမပူပေမယ့် အင်္ကျီကိုယ်ကျပ်ဝတ်လို့အဆင်မပြေတော့ပေ။ကိုယ်ဝန်ရှိနေတာကို သိသွားတုန်းကဆို သူ(မ)အတော်လေး တုန်လှုပ်သွားရတယ်။အချစ်ကိုယုံလို့ မျက်စိစုံမှိတ်ပြီး ချစ်လိုက်ကာမှ နောင်တရတဲ့ သူ(မ)အဖြစ် ။

Hajoon ကိုအသိပေးလိုက်ပြီးတော့ နောက်ဆုံးတခေါက်အထိ အတူနေလိုက်ကြသေးတယ်။ထိုနေ့က သူ(မ)ကိုထားခဲ့မယ်မှန်းသိရင် မရ ၊ရတဲ့နည်းနဲ့ဆွဲခေါ်ထားပါတယ် ။လိုချင်တာရသွားတဲ့ Hajoonက သူ(မ)ကိုအဆက်သွယ်လုံးဝမလုပ်တော့ဘဲ ခြေရာဖျောက်သွားတယ်
သူ့အိမ်ကိုလိုက်သွားပြီး မိဘတွေကိုမေးတော့လည်း မသိဘူးဘဲဖြေတယ်။တယောက်ထဲကြိတ်ဖြေရှင်းမနိုင်တော့မှ နောက်ဆုံးဖြစ်ချင်ရာ ဖြစ်ဆိုပြီး မေမေ့ကိုအပူကပ်ရတော့တယ်

Ballerina (Completed)Where stories live. Discover now