ပုံမှန်ထက်ပိုပြီးကြည်လင်နေတဲ့ နံနက်ခင်းလေး ။အဝတ်ဗလာဖြင့် စောင်ပုံကြားထဲခေါင်းတိုးဝှေ့ကာ အနွေးဓာတ်ရှာနေတဲ့ ဂျီမင်ကညကအဖြစ်ပျက်ကိုတွေးမိသွားတော့ တကိုယ်လုံးပူရှိန်းတက်လာပြီး မျက်နှာဖူးဖူးလေးကရှက်သွေးဖြာလာသည်။ပေါ့ပါးတယ်လို့ထင်ရတဲ့ သူ၏ခန္ဓာကိုယ်က ပုံမှန်မဟုတ်နေတာတော့သေချာတယ် ။အိပ်ယာပေါ် လွန့်လူးကာ မို့အစ်အစ်မျက်လုံးလေးကိုအတင်းအားယူပြီးဖွင့်လိုက်တယ် ။အိပ်ခန်းပြတင်းပေါက်မှာအလှဆင်ထားတဲ့ အဝါရောင်လိုက်ကာစကို အနည်းငယ်ဟထားပေးတာကြောင့် ဂျောင်ဂုနိုးနေပြီဆိုတာသိလိုက်တယ်
သူ့ထက်အရင်နိုးပြီးသမီးကျောင်းသွားဖို့ပြင်ပေးနေတာဖြစ်မယ် ။ အိပ်ရေးပျက်တဲ့ညပေါင်းကမနည်းသလို ၊ညကလည်းပင်ပန်းထားတော့ သူတော်တော်လေးနှစ်ခြိုက်စွာအိပ်မောကျသွားတာ ။ပါးလျတဲ့ညအိပ်ဝတ်စုံအောက်မှာ အထင်းသားမြင်နေရတဲ့ အညိုမဲကွက်တွေကိုငုံ့ကြည့်ပြီး မျက်လုံးပြူးသွားသည် ။လည်ပင်းနဲ့ ရင်ညွန့်တလျှောက်လုံး ကိုက်ရာ ၊စုပ်ရာတွေကမြင်ရက်စရာမရှိ ။
*အား...ဂျောင်ဂုကတော့လေ အရာထင်အောင်မလုပ်ပါနဲ့ဆို....*
*အင်္ကျီလည်ပိတ်ပြန်ဝတ်ရတော့မယ်....*
တယောက်ထဲမကျေမချမ်းဖြစ်နေတဲ့ဂျီမင်က ခပ်တိုးတိုးရေရွတ်ရင်း တကိုယ်ရည်သန့်ရှင်းေရးလုပ်ဖို့ ကုတင်ပေါ်ကဆင်းလိုက်တယ် ။ထိုအခါ မထင်မှတ်ထားတဲ့အရာတခုကြောင့် အံ့အားသင့်သွားသလို မယုံနိုင်လွန်းလို့ တကိုယ်လုံးကိုလက်ဖြင့်စမ်းကာ အပျော်လုံးစို့နေတယ် ။ပါးစပ်ကပြောမထွက်နိုင်လောက်အောင်အထိ သူစွံအသွားခဲ့တယ် ။မတ်တပ်ရပ်နေရင်း တုန်ရီလာတာကြောင့် ကုတင်ပေါ်ကိုဖင်ထိုင်ချလိုက်တယ်
သူ့ခြေထောက်တွေအရင်လိုပြန်ဖြစ်လာပြီ ။wheel chairအကူညီမပါပဲ မတ်တပ်ရပ်နိုင်ခဲ့ပြီ ။နာကျင်မှုမရှိပဲ ပေါ့ပါးနေတာ အိမ်မက်ဖြစ်နေမလားဆိုပြီး ပေါင်ကိုဆွဲလိမ်ရသေးသည်။ပျော်ရွှင်မှုကအတိုင်းမသိပါပဲ ။လက်ကလေးနဲ့ပေါင်တံတလျှောက်ခြေဖဝါးအထိ တို့ထိလိုက်ပြီးမျက်ရည်ကြည်တွေဝဲလာသည် ။ခြေချောင်းလေးတွေလှုပ်ရှားတာကို တစိမ့်စိမ့်ကြည့်ပြီး အပြုံးတွေမရပ်တန့်နိုင်ခဲ့ပေ