*ကျောင်းရောက်ရင် မတည့်တာတွေမဝယ်စားရဘူးနော် ။ဖေဖေ ထည့်ပေးလိုက်တဲ့ထမင်းကိုလည်း ကုန်အောင်စား ။စာလည်းလိုက်လုပ် အဆော့မက်မနေနဲ့....*
*ဟုတ်ကဲ့ပါ ဖေဖေ...ကျောင်းသွားတိုင်းမှာနေလို့ အလွတ်ရနေပါပြီ....*
*ဒီလောက်မှာတာတောင် ပြန်လာရင်ပေလူးနေတာဘဲမလား....*
*ဟီး...*
ကုတင်ပေါ်မှာထိုင်ကာ သမီးကို ဆံပင်ဖြီးပေးနေတဲ့ ဂျီမင်ကမျက်မှောင်ကျုတ်ကာ ကြည့်လိုက်တော့ သွားတန်းလေးပေါ်သည်အထိ ရယ်ပြလာသည် ။ သူ့စကားအမြဲနားေထာင်တဲ့ သမီးကကလေးဆိုတော့ အဆော့မက်တယ် ။သူငယ်ချင်းတွေနဲ့ အိမ်ပြန်လာတဲ့ လမ်းတလျှောက်လုံး ခုန်ပေါက်ပြေးလွှားပြီး ဆော့ခဲ့တယ် ။ကျောင်းမှာဆိုရင်တော့ ငြိမ်တယ်လို့ ဆရာမကပြောတာဘဲ ။
စာတော်ပြီး အကလည်းဝါသနာပါတော့ သူလည်းသိပ်ပြီးမဆူရဲဘူး ။ကလေးေတွကိုငယ်"လေးနဲ့ ဖိအားမပေးချင်ဘူး ။သူတို့စိတ်ပျော်ရာ လုပ်ချင်တာလုပ်ပါစေ ဆိုပြီးလွှတ်ထားပေးတယ် ။လမ်းမှားမရောက်အောင်တော့ အနောက်ကနေထိန်းကျောင်းပေးရမှာ မိဘတွေရဲ့ တာဝန်မလား ။
*သွားတော့ ဒယ်ဒီစောင့်နေတယ်မလား...*
*ဟုတ်ကဲ့..!ဖေဖေလည်း တယောက်ထဲတောင်စောင်းပေါ်ကိုမသွားနဲ့ နော် ။ထမင်းလည်းမချက်ထားနဲ့ သမီးပြန်လာမှကူမယ်....*
*ကောင်းပါပြီ ဗျ့။သမီး စကားနားထောင်ပါ့မယ်...*
*မွ..!ဖေဖေ့ကိုချစ်တယ်...*
*ဖေဖေလည်းသမီးကိုချစ်တယ်....*
*မောင့်ကိုရော...*
*ဘာလဲ...!*
ကျောင်းအင်္ကျီလေးကို သေသပ်စွာဆွဲချပေးရင်း တတွတ်တွတ်မှာနေတဲ့ ဂျီမင်ကို ဟယ်ဝန်းလေးကအသည်းယားလာတော့ ပါးနှစ်ဖက်ကိုလက်သေးသေးလေးဖြင့် အုပ်ကိုင်ကာ စိတ်ကြိုက်မွှေးကြူလိုက်သည် ။ ဂျီမင်လည်း သမီး၏ဆံနွယ်လေးကို အနမ်းပေးရင်း အပြုံးလှလှလေးနဲ့ကြည့်နေချိန် အခန်းထဲကိုဝင်လာတဲ့ ဂျောင်ဂုကဆူပုတ်ပုတ်နဲ့ ပြောလာသည် ။
သူရောသမီးပါ အသံလာရာကိုပြိုင်တူကြည့်လိုက်ကြပြီး နားမလည်ဟန်ဖြင့် ကြောင်အနေမိသည် ။မနေ့ညကလည်း ကောင်းကောင်းမအိပ်ဘဲ မပြန်ချင်ဘူးဆိုပြီးကလေးလိုမျိုးဂျီကျနေလေရဲ့ ။လုပ်ငန်းရှင်ဖြစ်နေတော့ အတွင်းရေးမှူးနဲ့ဘဲ လွှတ်ထားလို့မရဘူး ။ကိုယ်တိုင်ဦးစီးမှ လက်အောက်ငယ်သားတွေလည်း လေးစားမှာ။