ကျေးငှက်အသံတကျိကျိဖြင့်နိုးထလာတဲ့မနက်ခင်း ။ရာသီဥတုကသာယာပေမယ့် ထိုးကိုက်နေတဲ့ဦးခေါင်းကြောင့် မျက်လုံးမဖွင့်ပဲအိပ်ယာေပါ်လူးလိမ့်လိုက်တယ် ။ခေါင်းအုံးကိုမျက်နှာထက်အုပ်လိုက်ပြီး ခြေကားယားဖြင့်ဆန့်တန့်ကြီးအိပ်နေတဲ့ ဂျီမင်ကအတော်ကြာသည်အထိ ထိုအတိုင်းနေနေသည် ။နားထင်ကြောကထိုးကိုက်လာပြီး ကိုယ်လက်မအီမသာဖြစ်နေလို့ ဘာမှလုပ်ချင်စိတ်မရှိပေ ။သူညကအတော်လေးသောက်လိုက်မိတာပဲ ။စိတ်ညစ်စရာတွေနဲ့ကင်းဝေးနေတော့ အရက်မသောက်တာအတော်ကြာပြီလို့ဆိုရမယ် ။
နောက်ကျနေတဲ့ခေါင်းကိုနှိပ်နယ်ပြီး ကုတင်ပေါ်ငုတ်တုတ်ထထိုင်လိုက်တော့ ရေချိုးခန်းထဲကထွက်လာတဲ့ဂျောင်ဂုက သူ့ကိုစိုက်ကြည့်နေသည် ။ရေစိုနေတဲ့ဆံပင်တွေကို တဘက်တစ်ထည်ဖြင့်သုတ်နေပြီး အပေါ်ပိုင်းဗလာဖြင့်မလှုပ်မယှက်ဘဲ ရပ်နေသည် ။ကျယ်ပြန့်တဲ့ရင်အုပ်မှာ တွဲခိုနေတဲ့ရေစက်တွေက တဖြည်းဖြည်းနဲ့ဝမ်းဗိုက်ကနေတဆင့် အောက်ပိုင်းတနေရာကိုစီးကျသွားသည် ။ဂျီမင်ကြည့်နေရင်း မျက်နှာတခုလုံးပူရှိန်းတက်လာတာေကြာင့် ချက်ချင်းဘဲ မျက်နှာလွှဲလိုက်ပြီး စောင်ပုံကြားထဲခေါင်းတိုးဝင်လိုက်တယ် ။
*အပြင်သွားစရာရှိလို့ အိမ်လိုက်မပို့တော့ဘူး ။ဖြစ်တယ်မလား.....*
*ဟင်..!.*
*Yeong စိတ်ဆိုးနေတယ် ညကဖုန်းမကိုင်လို့တဲ့ ..အဲတာ....*
*သွားချော့မလို့လား...*
*အင်းပေါ့...*
*ဒါဆို ဘာလို့ငါ့ကိုခေါ်လာသေးလဲ ..!ညကတည်းက ပစ်ထားလိုက်ရင်ပြီးရော....!.*
*ခေါ်လာတာက Hwanဖုန်းဆက်လာလို့ ။သူလည်းအိမ်ပြန်နားချင်မှာပေါ့ ..ခင်များကအလိုက်သိလေ....*
*ဘာ..!.*
ကိုယ်လုံးပေါ်မှန်ရှေ့ရပ်ကာ အင်္ကျီဝတ်နေတဲ့ ဂျောင်ဂုကအေးအေးလူလူပင်ပြောလာတယ် ။boxerတထည်ကောက်စွပ်ပြီး ခါးမှာပတ်ထားတဲ့တဘက်ကိုဆွဲချွတ်ချလိုက်တော့ ဂျီမင်မှာဒေါသထွက်နေရင်းတန်းလန်းနဲ့ မျက်နှာထပ်လွှဲရပြန်တယ် ။အရှက်မရှိပုံများ ဘယ်ကတည်းကဒီလိုတွေေနတက်သွားလဲမသိဘူး ။သူနဲ့ညားတုန်းက စည်းကမ်းရှိတဲ့ ဂျောင်ဂုနဲ့မတူတော့ပေ ။