ပျော်ရွှင်စရာခရီးတိုလေးဖြစ်မယ်လို့ထင်ခဲ့ပေမယ့် ရုတ်တရက်ရောက်ချလာတဲ့ Yeong ကြောင့် ဂျီမင်မှာအပြည့်ဝမပျော်နိုင်တော့ပေ ။တည်းရမယ့်ဟိုတယ်ကိုရောက်တော့လည်း သူကတစ်ယောက်ခန်းဖြစ်ပြီး ဂျောင်ဂုနဲ့Yeongကတစ်ခန်းနေသည် ။ငိုချင်ရက်လက်တို့ဆိုသလို သူ့မှာမရယ်မပြုံးနိုင်တော့ပဲ ကုတင်ပေါ်မှာဝမ်းလျားမှောက်ကာ ငိုနေမိတော့သည် ။ဖုန်းထဲမှာရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကိုပြန်ကြည့်ပြီး မျက်ရည်တွေကအတားဆီမဲ့စွာပါးပြင်ပေါ်ကိုစီးကျလာသည် ။သူတို့နှစ်ယောက်ပုံတွေကိုပဲ သီးသန့်ထည့်ထားတဲ့ အယ််လ်ဘမ်ကိုတကြိမ်ကြိမ်နှိပ်ပြီး ဖျက်ပစ်ဖို့လုပ်ပေမယ့် အမှတ်တရပေါင်းများစွာရှိလို့ ဆက်သိမ်းထားလိုက်သည်
*ဂျွန်ဂျောင်ဂု .!လူဆိုးကောင်...!.*
*ဒီလိုမှန်းသိရင် မခေါ်လာပါဘူး ။အခုတော့ ငါ့ကိုတယောက်ထဲပစ်ထားပြီး သူတို့ကချစ်ကြည်နူးနေတယ်....!*
*မနာလိုဘူး..!နည်းနည်းလေးမှမနာလိုဘူး...!.။ဂျောင်ဂုကိုပြန်လိုချင်တယ်..!အဟင့်...!..*
*ငါကတော့သူ့ကိုနေ့တိုင်းလွမ်းနေရတာ ။သူကနောက်တယောက်တွဲပြီး ငါ့ကိုကလဲ့စားချေသွားတယ် ။မကောင်းတဲ့ကောင်....!*
*အရမ်းချစ်တာသိရဲ့သားနဲ့ ..!မမြင်ချင်ယောင်ဆောင်နေတယ် ....*
တစ်ယောက်ထဲပြောပြီးငိုနေတဲ့ ဂျီမင်ကခေါင်းအုံးကိုတဘုန်းဘုန်းထုကာ ခံစားရသမျှကိုဖွင့်အံနေတယ် ။နှာရည်တွေကို အင်္ကျီစဖြင့်သုတ်မိလို့ အခန်းထဲကိုလှည့်ပတ်ကြည့်လိုက်သေးသည် ။cctvတပ်ထားရင် သူ့ကိုညစ်ပတ်တယ်ဆိုပြီး အတင်းပြောနေမှာ ။ငိုတာတောင်ကျောမလုံလို့ စောင်ပုံကြားထဲခေါင်းတိုးဝင်လိုက်သည် ။
ဂျောင်ဂုကိုထားခဲ့လို့ဝဋ်လည်တာများလားဆိုပြီး အတွေးလွန်ကာ အဝတ်စားတောင်မလဲနိုင်ပဲ တရှုံ့ရှုံ့ငိုနေတဲ့ ဂျီမင်ကအချိန်ခဏအကြာမှာတော့ မောပြီး အိပ်ပျော်သွားသည် ။ဒါတောင် အိမ်မက်ထဲထိငိုနေလို့ ရှိုက်ငင်သံတွေက အပြင်ရတောင်ကြားရသည်။*Hwan ကဘယ်တော့လိုက်လာမှာလဲ....*
*မနက်ဖြန်လောက်လာမယ်ထင်တယ် အကိုဂျောင်ဂု.....*