*ဖေဖေ သရဲအိမ်ထဲဝင်ရအောင်....*
*တော်ပြီလေ သမီးရယ် ။ဆော့နေတာ မမောသေးဘူးလား.....*
*ဟင့်အင်း ..!ဟင့်အင်း သမီးဝင်ချင်တယ်....*
*အခုပဲ ချားရဟပ်စီးပြီးတာကို ခဏလောက်နားပါဦးလား ။အမောဖြေပြီးမှ ဝင်ကြမယ်လေ....ဖေဖေ့ခြေထောက်နာလာလို့ လမ်းဆက်မလျှောက်နိုင်တော့ဘူး..…...*
*အဲတာဆို မဝင်တော့ဘူးနော် ...ဖေဖေ့ကိုပင်ပန်းအောင်လုပ်မိလို့ တောင်းပန်ပါတယ်...*
*မလိုပါဘူး သမီးကလည်း ဖေဖေကအများကြီးအလိုလိုက်မှာ.....*
*ဖေဖေ့ကိုချစ်တယ်.....*
ကျောင်းပိတ်ရက်ဖြစ်လို့ ဂျီမင်တို့မိသားစုသုံးယောက် ကစားကွင်းဘက်အလည်ထွက်လာခြင်းဖြစ်တယ် ။ဒီနေ့တနေကုန် သမီးကိုအချိန်ပေးမှာဖြစ်ပြီး ညနေစောင်းရင်တော့ ကမ်းခြေဘက်သွားပြီး tent ထိုးကာသောက်စားကြမယ် ။မနက်မိုးလင်းကတည်းက တက်ကြွနေတဲ့သမီးက အဖြူရောင်ဘွိုင်လာကိုဝတ်ထားပြီး ဆံပင်နှစ်ခွကိုမြင့်မြင့်လေးစည်းထားပေးတော့ ပိုပြီးချစ်စရာကောင်းနေသည် ။မျက်လုံးဝိုင်းဝိုင်းလေးတွေက ဂျောင်ဂုနဲ့သိပ်တူသည် ။ ခြေထောက်နှစ်ချောင်းကိုဘယ်ညာရမ်းကာ ထိုင်နေပြီးအိစက်တဲ့ဆံနွယ်စလေးတွေ နဖူးပေါ် ကပိုကရိုကျနေတာလေးက အရုပ်လေးချထားသလိုပဲ ။
သူနဲ့ဂျောင်ဂုလက်ကိုဆွဲကာ တခုပြီးတခုစီးနေတဲ့ သမီးအနောက်ကို ချွေးဒီးဒီးကျသည်အထိလိုက်နေရသည် ။အမြင့်လည်းမကြောက်သလို အမှောင်လည်းမကြောက်တဲ့သမီးက ဘယ်သူနဲ့တူလို့ သတ္တိရှိလဲမသိဘူး ။
*အကို ရေခဲမုန့်စားမလား....*
*အင်း စတော်ဘယ်ရီအရသာနော် ....*
*မောင်သိပါတယ်...*
*သမီးအတွက်ကရော ဒယ်ဒီ.....*
*သမီးကချောကလက်နဲ့ ဟုတ်တယ်မလား....*
*ဟီး..!ဟုတ်တယ်....*
နဖူးစပ်မှာတွဲခိုနေတဲ့ ချွေးစက်တွေကိုလက်ဖမိုးဖြင့်သုတ်ပေးရင်း ဂျောင်ဂုကလေသံအေးအေးဖြင့်မေးလိုက်သည် ။နှစ်ခြိုက်စွာပြုံးပျော်နေတဲ့ အကို့မျက်နှာကဘာကြောင့် ညှိုးလျော်နေရတာလဲ ။အပြုံးတွေကအသက်မဝင်ဘူးလို့ထင်တယ် ။သမီးေပြာသမျှကိုလည်း မမောနိုင်မပန်းနိုင်လုပ်ပေးနေတာက အကို့ပုံစံမဟုတ်ဘူး ။ဒီလို နေရာမျိုးကို လာလေ့မရှိတဲ့အကိုက စိတ်ပျော်ဖို့အတော်လေးကြိုးစားပမ်းစားလုပ်ယူနေတယ်