ဒွီ.....ဒွီ.......
ကုတင်ပေါ်မှာမှေးခနဲအိပ်ပျော်နေတဲ့ ဂျီမင်ကစားပွဲပေါ်မှာအဆက်မပြတ်မြည်နေတဲ့ ဖုန်းသံကြောင့်လန့်နိုးသွားရသည် ။အိပ်ချင်စိတ်ကိုချိုးနှိမ်လိုက်ပြီး မျက်လုံးမပွင့်တပွင့်နဲ့ဘဲ အိပ်ယာထက်လူးလိမ့်ကာ ဖုန်းရှိရာဆီလက်ဖြင့် စမ်းလိုက်သည်။အပြင်ဘက်ကို ခေါင်းထောင်ကြည့်လိုက်ေတာ့လည်း အလင်းကောင်းကောင်းမရသေးတော့ ဝေလီဝေလင်းဘဲရှိဦးမည်ထင်သည်။
စောစောစီးစီးဘယ်သူဆက်တာလဲဆိုပြီး စိတ်ထဲဒေါပွကာ ခေါ်ဆိုသူကိုအပြစ်ပြောဖို့ ဖုန်းမျက်နှာပြင်ကိုကြည့်လိုက်တော့မှ တခြားသူမဟုတ်ဘဲ မေမေဖြစ်နေသည်။သူ့ကိုလုံးဝလှည့်မကြည့်တော့တဲ့ မေမေကတခါတလေအခုလိုဆက်သွယ်လာပြီး အိမ်ပြန်လာဖို့ နည်းအမျိုးမျိုးနဲ့မြူဆွယ်သည်။
သူသည်လည်း အရင်လိုသွက်လက်မှုမရှိတော့တာကြောင့် အားငယ်စိတ်ဝင်ပြီး မိသားစုနဲ့အဆက်သွယ်ဖြတ်ထားသည်။နောက်ပြီး မေမေကဂျောင်ဂုကိုကြည့်မရဘူး ။လက်ထပ်မယ်လို့ပြောကတည်းက သူ့ကိုဆူပူကြိမ်းမောင်းခဲ့တယ်။ယူပြီးရင်လည်း သားအဖြစ်ကနေစွန့်လွှတ်မယ်ဆိုပြီး ရာဇသံပေးလာတော့ သူလည်းခေါင်းမာပြီး ရှေ့ဆက်တိုးခဲ့တယ်။အဲဒီအတွက် ရလာဒ်ကအခုလို ဒုက္ခိတဖြစ်သွားရတာပဲ
*ဟယ်လို မေမေ...*
*တော်သေးတာပေါ့ ဖုန်းကိုင်လို့ ....ဒီအမေ ရှိသေးတယ်ဆိုတာ သတိရရဲ့လား။ဖုန်းတချက်ဆက်ဖို့တောင်မအားဘူးလား။ဘာတွေလုပ်နေတာလဲ ဂျီမင်......*
*ဆူဖို့ဖုန်းဆက်တာဆိုရင် ချလိုက်တော့မယ်။အိပ်ရေးပျက်တယ်....*
*ဟဲ့..!ငါ့ကိုဒေါသထွက်အောင်မလုပ်နဲ့ တော်ရုံဘဲဆိုးစမ်းပါ..အသက်ကမငယ်တော့ဘူး အခုထိကလေးဆန်နေတုန်း။ငါတို့မှာ သားတယောက်ဘဲရှိတာ..ဘယ်အချိန်ထိ အစုတ်ပြတ်တောထဲမှာ ဆက်နေဦးမလဲ.....*
*မေမေ...!သားကိုအပြစ်တင်ဖို့ဘဲစဉ်းစားနေတာလား ။သားကရော အခုလိုဖြစ်ချင်ပါ့မလား။မေမေတို့ကိုယ်တိုင် သားကိုအိမ်ပြန်မလာနဲ့လို့ေပြာခဲ့တာကို ဘယ်မျက်နှာနဲ့ အိမ်ပေါ်တက်ခဲ့ရမှာလဲ....*