နွေလည်ခေါင်မှာပူပြင်းလှတဲ့နေမင်းကြီးက သူ၏ဦးခေါင်းတည့်တည့်ပေါ်ကို ဖြာကျလာသည်။အပြင်လေနဲ့မထိတွေ့ရတာကြာလို့ လေပူတချက်တိုက်လိုက်တိုင်း တကိုယ်လုံးကြက်သီးမွှေးညှင်းထသွားရသည် ။ညိုညစ်ညစ်ဖြစ်နေတဲ့ မျက်ကွင်းနှစ်ဖက်နဲ့ ရှုပ်ပွနေတဲ့ဆံပင်တွေကြောင့် သူ့ပုံစံကမမှတ်မိနိုင်လောက်အောင်ပင်ဖြစ်နေသည် ။ဟောင်းနွမ်းနေတဲ့ ချည်ထည်ဝတ်စုံဖြင့် အညိုရောင်လက်ဆွဲအိတ်ကိုကိုင်ကာ ခြေလှမ်းတွေကဦးတည်ရာမဲ့နေသည် ။နှစ်ပေါင်းများစွာ ပိတ်လှောင်ထားခံရတော့ ခြေလှမ်းတွေက မူမမှန်တော့ပေ ။
အရင်ကထက်အဆပေါင်းများစွာတိုးတက်ပြောင်းလဲသွားတဲ့ မြို့ကိုကြည့်ပြီး high wayလမ်းမထက်မှာ လမ်းပျောက်နေတဲ့ကလေးသဖွယ် မြင်မြင်သမျှကိုငေးမောကြည့်နေသည် ။သူ့ပုံစံကြောင့် တချို့ကလည်းသနားစရာကောင်းတဲ့အကြည့်နဲ့ နှာခေါင်းရှုံ့ကြသည် ။နောင်တဆိုတာ နောင်မှရတာအသေချာပဲ ။အချိန်တွေလွန်ခဲ့ပြီးမှ ချစ်ရတဲ့မိသားစုကိုဆုံးရှုံးလိုက်ရတာ ရင်နာစရာကောင်းတယ် ။အခုဆို သူ့ဘေးမှာဘယ်သူမှမရှိတော့ဘူး ။အလုပ်လက်မဲ့ဖြစ်နေပြီး ဘယ်သူကခေါ်ပြောချင်ပါ့မလဲ ။
လေးလံတဲ့ခြေလှမ်းတွေနဲ့ ခေါင်းငိုက်စိုက်ဖြင့်သာ ချစ်ရသူအနားယူတဲ့နေရာကို ထွက်လာလိုက်တယ် ။သူလည်းလူ့လောကထဲမှာ မနေချင်တော့ဘူး ။ချစ်ရသူနောက်ကိုလိုက်သွားချင်တယ် ။သို့ပေမယ့် ကံကြမ္မာကဆိုးသွမ်းခဲ့လို့ဒဏ်ခတ်နေသလား မသိပါဘူး ။နည်းမျိုးစုံနဲ့ ကိုယ့်ကိုကိုယ်စီရင်ဖို့လုပ်လိုက်တိုင်း အတားဆီးကအမြဲရှိတယ် ။
*အချစ်...ကိုယ်လာတယ်...*
*အဆင်ပြေပြေရှိနေတယ်မလား....*
*အခုမှလာရလို့ တောင်းပန်ပါတယ်....*
*ပြီးတော့ သတိရတယ်....*
*အရမ်းလည်းလွမ်းသလို အရမ်းချစ်တယ် ။ကိုယ် အချစ်အပေါ်အနိုင်ယူပြီးဆိုးခဲ့တာတွေအတွက် အနူးညွတ်တောင်းပန်ပါတယ်....*
*အကယ်၍သံသရာတကွေ့ကွေ့မှာ ကိုယ်တို့ပြန်ဆုံခဲ့ရင် ထပ်ချစ်လို့ရမလား...*