တကိုယ်လုံးလှုပ်လို့မရအောင်နာကျင်နေပြီး တင်းကျပ်နေတဲ့မျက်လုံးအစုံကို ဖြည်းဖြည်းချင်းဖွင့်လိုက်တော့ အရင်ဦးဆုံးအဖြူရောင်မျက်နှာကျက်ကိုတွေ့သည်။ဘာဖြစ်သွားတာလဲဆိုတာသိရဖို့ ဦးနှောက်ကိုအလျင်မြန် အလုပ်ေပးလိုက်ေတာ့ မေန့ညကကားေမှာက်တာကို သတိရသွားသည် ။ ချက်ချင်းဆိုသလိုပဲ မမတို့သားမိကိုကြည့်ဖို့ေဘးဘီကိုရှာလိုက်ေတာ့ သူ့ကုတင်ဘေးမှာငြိမ်သက်နေတဲ့ သမီးေလးကိုေတွ့သည် ။
လှဲလျောင်းေနရာကေန ထသွားဖို့လုပ်ေပမယ့် လက်ဖမိုးပေါ်ကဆေးပိုက်ကြောင့် လှုပ်ရှားလို့မရပေ။နောက်တခုသတိထားမိတာက သူ့ခြေထောက်ကိုပဲ။သွေးလေစီးဆင်းမှုမရှိသလို ရွေ့လျားလို့လည်းမရဘူး။
*ဂျီမင်...သတိရလာပြီလား...*
*ငါ့ခြေထောက်....ဘာဖြစ်သွားတာလဲ...*
*ဘာ..ဘာမှမဖြစ်ပါဘူး။ထိခိုက်ထားလို့ ချက်ချင်းလှုပ်လို့မရသေးတာ။နေရတာ အဆင်ပြေရဲ့လား...*
*အင်း..ဒါနဲ့မမရော ဘယ်နားထိခိုက်သွားလဲ....*
*ဆုံးပြီ.....*
*ဟင်....*
*မမကိုမကယ်နိုင်ခဲ့ဘူး....*
ငိုသံပါနေတဲ့ဂျောင်ဂုကသူ့လက်ကိုဖွဖွလေးဆုပ်ကိုင်ပြီး အရည်ကြည်လဲ့နေတဲ့မျက်ဝန်းလေးဖြင့်ကြည့်လာသည်။သူလည်းဘာပြောရမှန်းမသိအောင်စွံ့အသွားခဲ့သည်။ညစာအတူတူစားဖို့မသွားခဲ့ဘူးဆိုရင် ဒီလိုဖြစ်မှာမဟုတ်ဘူးထင်တယ်။ဒါမှမဟုတ် ကံကြမ္မာကိုဘဲအပြစ်ပုံချရမလား
နှစ်သိမ့်ပေးတဲ့အနေနဲ့ဂျောင်ဂုပါးပြင်လေးကိုပွတ်သတ်လိုက်ပြီး သူ့ရင်ခွင်ထဲဝင်ဖို့ေခါင်းငြိမ့်ပြလိုက် ရင်ဘက်ပေါ်ခေါင်းလေးမှီလာသည်။ဂျောင်ဂုခံစားနေရတာကို ကိုယ်ချင်းစားပါတယ်။မမဂျယ်ဝန်းကဘယ်လိုဘဲ မွေးစားသမီးဖြစ်နေဦးတော့ ငယ်ငယ်လေးကတည်းကအတူကြီးပြင်းလာတဲ့ ချစ်ခြင်းမေတ္တာ၊သံယောဇဉ်ကဖြတ်တောက်လို့မှမလွယ်တာ ။နောက်ပြီး မိဘမဲ့သွားမယ့် သမီးလေးအတွက်လည်းစိတ်မကောင်းဖြစ်မိတယ်။
*ခြေထောက်ကိုဒေါက်တာကိုင်ကြည့်မယ် နာရင်ပြောနော်...*
*ဟုတ်ကဲ့.....*