*ဂျောင်ဂုနဲ့အဆက်သွယ်ပြန်လုပ်နေတယ်ဆို.....*
*မေမေ့ကိုဘယ်သူပြောလဲ...*
*ဟုတ်လား ၊မဟုတ်လားပဲပြောပါ ...*
*အဲတာက....*
*ဟိုကနောက်တယောက်ရှိနေပြီကို အခုထိမမေ့နိုင်သေးဘူးလား....*
*မေမေကလည်း....*
*ဒီလိုဆက်လုပ်နေမယ်ဆိုရင် နိုင်ငံခြားကိုပို့လိုက်ရမလား ....*
*ဟင့်အင်း.. မေမေနော် သားကိုအတင်းကျပ်မလုပ်နဲ့.....*
*အဲတာဆို ဂျောင်ဂုနဲ့အဆက်သွယ်ဖြတ်....*
အပြောမဟုတ်ပဲလက်တွေ့လုပ်တက်တဲ့ မေမေ့ကြောင့် ဂျီမင်မှာလက်တခါခါဖြင့်ငြင်းဆန်ရတော့တယ် ။ သူ့ခြေလှမ်းတွေမူမမှန်လို့ သတိထားမိသွားပုံပဲ ။ဒါမှမဟုတ် သတင်းပေးတွေကြောင့် သိသွားတာလား ။ဧည့်ခန်းထဲမှာ ငြိမ်ငြိမ်လေးထိုင်နေတဲ့ ဂျီမင်ကမေမေ့ကို မဝံ့မရဲလေးကြည့်ပြီး နှုတ်ခမ်းဆူမိသည် ။သူ့ထက်ပိုပြီးပြတ်သားတဲ့ မေမေကဂျောင်ဂုကိုအတော်လေးအမြင်မကြည်ဖြစ်နေသည် ။သူကလည်း ခေါင်းမာသူပီပီ တားမြစ်နေတဲ့ကြားက ရအောင် လုပ်တက်တဲ့သူဆိုတော့ မေမေနဲ့တိုက်စစ်ဆင်ရဦးမည် ။
ဂျောင်ဂုနဲ့ကော်ဖီဆိုင်မှာတွေ့ပြီးကတည်းက အလုပ်လည်းမသွားတော့ပဲ အိမ်ထဲမှာခွေခေါက်နေတဲ့ သူ့ကိုမေမေကအံတကြိတ်ကြိတ်လုပ်ကာ ဆူပူတော့တယ် ။Yeongနဲ့ အဆင်ချောနေတဲ့ဂျောင်ဂုက သူ့ကိုလုံးဝမဆက်သွယ်လာဘူး ။
*တကယ်ပဲ သားဂျောင်ဂုနဲ့ပြန်ဆက်နေတာလား....*
*သားသူ့ကိုမမေ့နိုင်သေးဘူး ဖေဖေ....*
*ဒါဆိုဘာလို့ကွာရှင်းခဲ့လည်း သားရယ် ။သားတို့ချင်း ညှိနှိုင်းပြီးမှလုပ်ခဲ့တာမလား ။အခုမှတော့ ဘာလုပ်လို့ရမှာလဲ.....*
*လက်ထပ်ခွင့်ပြန်တောင်းရင်ရော....*
ဖက်...!
အ...!
*ဘာလို့သားကိုရိုက်တာလဲ...မေမေကလည်း*
*ပြောပုံကိုကမဟုတ်တာ...ကွာလိုက် ပေါင်းလိုက်နဲ့ ကြားထဲကလူကြီးတွေကိုသပ်သပ်မဲ့ စိတ်ညစ်အောင်လုပ်နေတာလား....*