*သက်သာလား ဖေဖေ....။ဘယ်နေရာနာသေးလဲ....*
*Agriooo ဖေဖေ့သမီးကလိမ္မာလိုက်တာ ။ဖေဖေသက်သာနေပါပြီ ဘာမှမဖြစ်တာကို စိတ်ပူနေတယ်....*
*ပါးမှာဒဏ်ရာရသွားတယ်လေ..ဒယ်ဒီသိရင်တော့ သမီးကိုဆူတော့မယ်။ဖေဖေ့ကိုမကြည့်လို့ဆိုပြီး.....*
*ဖေဖေက,ကလေးမှမဟုတ်တာ။ဒီလောက်သိတက်တဲ့ သမီးရှိတာနဲ့တင် ကျေနပ်နေပါပြီ။သမီး ဒယ်ဒီ လာရင်လည်းဖေဖေကူပြောပေးမှာပေါ့....*
*ဒယ်ဒီကဖုန်းလည်းပြန်မဆက်ဘူးနော်။နောက်ပြီး ဖုန်းထဲကမိန်းကလေးအသံကို တခါမှမကြားဖူးဘူး။အဲတာဘယ်သူလဲ ဖေဖေ....*
*သမီးဒယ်ဒီ အတွင်းရေးမှူးဖြစ်မယ်ထင်တာပဲ။ဖေဖေလည်း သေချာမပြောတက်ဘူး။ဖုန်းပြန်မဆက်တာက မအားလို့ဖြစ်မှာပါ...*
ဂျောင်ဂုအလုပ်နဲ့ပတ်သတ်ပြီးအနည်းငယ်သိထားတာကြောင့် သူထင်ရာပြောလိုက်ပေမယ့် မသိစိတ်ကတော့ သမီးလိုဘဲ ဘဝမကျဖြစ်နေသည်။ထိုအမျိုးသမီးက ဘယ်သူလဲဆိုတာ သူလည်းသိချင်မိသည် ။ဒါပေမယ့် ထုတ်မေးဖို့ကျတော့လည်း ဂျောင်ဂုနဲ့ကဘာမှမသက်ဆိုင်တော့ဘူး မဟုတ်လား။
သူ့ဘဝကိုသူပိုင်သွားပြီ။အဆိုးရွာဆုံး နောက်အိမ်ထောင်ပြုမယ်ဆိုရင်တောင် သူနဲ့မဆိုင်တော့ဘူး ။အတွေးနဲ့တင် ဂျီမင်ခေါင်းနပန်းကြီးသွားသည် ။ဂျောင်ဂုကိုသူမဟုတ်တဲ့တခြားတယောက်နဲ့အတူ တွဲမြင်ဖို့ဆိုတာ ဘယ်နည်းနဲ့မှခံနိုင်ရည်ရှိမှာမဟုတ်ဘူး ။
အပြင်ပန်းမှာခတ်ထန်မာကြောနေပေမယ့် အတွင်းစိတ်ကတော့ထိရှလွယ်တယ် ။သူဖြေရှင်းရမယ့် ကိစ္စတခုရဲ့အဖြေမှန်ကိုမသိရမချင်းတော့ ဒီအတိုင်းဆက်နေရလိမ့်မယ်။ ကျန်တာကတော့ ကံစီမံရာအတိုင်းပေါ့
*ဒီနေ့ကျောင်းမသွားလို့ရတယ်မလား....*
*မနေ့ကလည်းပျက်ပြီးပြီလေ..ဆရာမဖုန်းဆက်လာရင် ဘယ်လိုလုပ်မလဲ။စာတော်တဲ့ကလေး,ကကျောင်းပြေးနေလို့မဖြစ်ဘူးလေ....*
*ဒါပေမယ့် ဖေဖေမှနေမကောင်းသေးတာ။တယောက်ထဲ စိတ်မချဘူး....*
*လိမ္မာတဲ့ကလေးဆိုတာ ပြောစကားနားထောင်ရတယ် ....*