*ဒီနေ့ကျောင်းကပြန်လာတော့ လမ်းမှာ ဦးလေးကြီးတစ်ယောက်နဲ့တွေ့တယ်......*
*ဟင်..!ဘယ်သူများလဲ....*
*ဟယ်ဝန်းလည်းမသိဘူး ဖေဖေ ။သူ့ပုံစံက အတော်လေးနွမ်းပါးပုံပဲ ။ပြီးတော့ ကျန်းမာရေးလည်းမကောင်းဘူးထင်တယ်...ဟယ်ဝန်းကိုတွေ့တော့ ပြုံးပြနေတယ်လေ ။အဲတာနဲ့ စိတ်ထဲရင်းနှီးသလိုရှိတယ်ဆိုပြီး တွေးနေမိတာ.....*
ဆယ်ကျော်သက်အရွယ်ဖြစ်လာတဲ့ သမီးကသွက်လက်ချက်ချာပြီး စကားပြောရင်လည်းဟယ်ဝန်း လို့သုံးနှုန်းတက်လာတယ် ။ကျောင်းကပါလာတဲ့အိမ်စာတွေကို ကူလုပ်ပေးနေရင်း သမီးက စဉ်းစားဟန်ဖြင့်ပြောလာတော့ ဂျီမင်မှာ တချက်မျှ ကြောင်အမ်းသွားရတယ် ။အဆက်စပ်မရှိတဲ့ စကားကိုသမီးကရုတ်တရက်ကြီး ဘာလို့မေးလာပါလိမ့် ။တစ်နေ့တာ ဖြစ်ပျက်သမျှကို တစ်လုံးမကျန်ပြန်ပြောတက်တဲ့ သမီးအကျင့်ကြောင့်လည်းပါမယ်ထင်၏ ။ညနေရောက်တိုင်း သာလိကာလေးလို မမောနိုင်မပန်းနိုင်ပြောနေလို့ နားထောင်ရတဲ့ သူက သမီးအစားမောရသည် ။
*သမီးကိုတော့ဘာမှမလုပ်ဘူးမလား ။လူစိမ်းဆို အနားအကပ်မခံနဲ့လို့ ဖေဖေမှာထားတယ်လေ....*
*ဟယ်ဝန်း ဖေဖေ့စကားကိုနားမထောင်တာမဟုတ်ပါဘူးနော် ။ဦးလေးကြီးကလည်း ဟယ်ဝန်းကိုပြုံးပြပြီးတာနဲ့ ထွက်သွားတာပါ...*
*အတက်ပလေး...ဖေဖေဆူမှာစိုးလို့ ညာပြောရင်တော့ နာနာလေးရိုက်မှာ....*
*ဟယ်ဝန်း မညာဘူး ။မယုံရင် သူငယ်ချင်းတွေကိုမေးကြည့်လို့ရတယ်....*
မျက်လုံးလေးအဝိုင်းသားဖြင့် မဟုတ်ကြောင်းကိုရှင်းပြနေပုံက ချစ်စရာအတိ ။အမြဲတမ်းနှစ်ဖက်ခွဲစည်းထားတက်တဲ့ ဆံနွယ်အိအိတွေသည်လည်း သမီးမျက်နှာလိုက်ဖက်သည် ။အပြင်သွားတိုင်း သမီးအတွက်ဝယ်ပေးလေ့ရှိတဲ့ ညှပ်ကလစ်ပိစိလေးတွေရောင်စုံပန်ထားပေးသည် ။တခါတလေ ဖဲကြိုးလှလှလေးကို ပန်းပုံလုပ်ပြီးစည်းပေးတက်သေးသည်
သမီးနဲ့ပတ်သတ်ရင် ဂျီမင် မလုပ်တက်တာအတော်ရှားသည် ။မိန်းကလေးအသုံးဆောင်၊
အလှပြင်ပစ္စည်းတွေကိုဝယ်စုပေးတက်တာ အကျင့်တခုလိုဖြစ်နေပြီ။သမီးကလည်း သူကလွဲပြီး ဘယ်သူမှလုပ်ပေးလို့မရဘူး ။