*ဟယ်ဝန်းကိုလာပို့မှပဲ သားဂျီမင်နဲ့တွေ့ရတော့တယ် ။ဘယ်လိုလုပ် တခါလေးတောင်မဆက်သွယ်ပဲနေနိုင်ရတာလဲ....*
*တောင်းပန်ပါတယ် မေမေ....မျက်နှာမပြဝံ့အောင်အမှားတွေလုပ်ထားလို့ မလာရဲတာပါ....*
*မဟုတ်တာပဲ သားရယ် မေမေနားလည်ပါတယ် ....။အခုရော အလုပ်အကိုင်အဆင်ပြေရဲ့လား.....*
*ဟုတ်ကဲ့ ..အစဆိုတော့နည်း"ပင်ပန်းတယ်....*
ဂျီမင်ကသွားလေးစိကာပြုံးပြရင်းပြောလိုက်တော့ ဂျောင်ဂုမေမေကခေါင်းတငြိမ့်ငြိမ့်ဖြင့်နားထောင်နေသည် ။ဂျောင်ဂုနည်းတူသူ့ကိုချစ်တဲ့မေမေက အပြစ်တင်ခြင်းအလျဉ်းမရှိပဲ အရင်လိုနွေးထွေးစွာဆက်ဆံနေတုန်းပဲ ။သူကသာအားနာလို့မဆက်သွယ်ဖြစ်တာ ။မေမေကတော့ အိမ်ထဲအဝင်အထွက်လုပ်ဖို့အမြဲပြောတယ် ။
အခုလည်းေကျာင်းပိတ်ရက်ဖြစ်လို့သမီးကိုလာပြန်ပို့တော့ တလက်စတည်းဝင်တွေ့လိုက်တာ။ဖေဖေနဲ့ဂျောင်ဂုကတော့မရှိဘူး ။အပြင်ထွက်သွားတယ်ဆိုလား သူလည်းသေချာမေးမနေတော့ပေ။
*အလုပ်ပဲဖိလုပ်မေနနဲ့ ကျန်းမာရေးဂရုစိုက်ဦး...။ခြေထောက်ကိုေရာဆေးစစ်ချက်ပြန်လုပ်ရဲ့လား.....*
*အဲတာက...သားလည်းမအားတာနဲ့...*
*ဒီကောင်လေးကတော့ ...မဖြစ်သေးပါဘူး ။ဂျောင်ဂုကိုဆေးရုံလိုက်ပို့ခိုင်းမှနဲ့တူတယ်....*
*နေပါစေ မေမေ ။သားအဆင်ပြေပါတယ်....*
*သားတို့ပြန်ပေါင်းထုတ်ဖို့အစီစဉ်မရှိတော့ဘူးလား ။ဘယ်သူ့မျက်နှာမှမငဲ့ရင်နေပါ..မြေးကိုတော့သနားသင့်တယ် ....*
*ဟို...သားတို့ကတရားဝင်စာချုပ်နဲ့ကွာရှင်းထားပြီးသားလေ မေမေရယ် ။ဘယ်လိုဖြစ်နိုင်တော့မှာလဲ....*
*ဒါဆို ဒီအတိုင်းပဲဆက်သွားတော့မယ်ပေ့ါ.....*
*.........*
သူ(မ)စကားကြောင့် ငြိမ်ကျသွားတဲ့ဂျီမင်က ခေါင်းလေးငုံ့ကာလက်ချောင်းလေးတွေကိုထိခက်ကစားနေတယ် ။တယောက်နဲ့တယောက်မချစ်ကြတော့တာလည်းမဟုတ်ပဲနဲ့ မာနကိုရှေ့တန်းတင်ပြီး တလွဲတွေလုပ်နေကြတယ် ။လုံးဝမခေါ်မပြောပဲနေနိုင်ကြလားဆိုတော့လည်း ကလေးကိုဗန်းပြပြီး ဟိုမရောက်ဒီမရောက်ဆက်ဆံရေးလုပ်နေတာပဲကြည့်တော့ ။ကြားထဲကသူ(မ)တို့လူကြီးတွေလည်းစိတ်ညစ်ရတယ် ။