*ဖေဖေကဘယ်အချိန်ပြန်လာမှာလဲ.....*
*ခဏနေရောက်တော့မှာပါ သမီးရဲ့ ။ဘာလို့လဲ .ဗိုက်ဆာလို့လား...*
*မဟုတ်ဘူး ...!အရမ်းတွေ့ချင်နေလို့...*
*အချွဲစိန်လေးနော်..!ဖေဖေ့ကိုဘာမှာထားသေးလဲ...*
*ဟင့်အင်း..!လူပဲမြန်မြန်ပြန်လာလို့ခေါ်ထားတာ။
ပြီးတော့ သမီးတို့မိသားစုအတူတူပြန်နေရအောင်လို့......**အဲတော့ သမီးဖေဖေကဘာပြောလဲ....*
*ထပ်မခွဲရတော့ဘူးတဲ့....*
*သမီးပျော်တယ်မလား....*
*ဟုတ်..!အရမ်းပျော်...*
အပြည်ပြည်ဆိုင်ရာေလဆိပ်ကြီးထဲပျားပန်းခတ်နေတဲ့လူအုပ်ကြီးက လိုရာခရီးကိုသွားဖို့ ရှုပ်ယှက်ခတ်နေသည် ။ခုံတန်းလျားပေါ်မှာ ထိုင်ကာလည်ပင်းတမျှော်မျှော်ဖြစ်နေတဲ့ ဟယ်ဝန်းတို့သားဖတွေသည်လည်း စကားတပြောပြောဖြင့် တယောက်သောသူကိုလာစောင့်ကြိုတာဖြစ်သည်။ လက်ကောက်ဝတ်ကတန်ဖိုးကြီးနာရီကိုငုံ့ကြည့်လိုက်တော့ လေယာဉ်ဆိုက်ဖို့အချိန်ကအရမ်းစောလွန်းနေသည် ။သူတို့သားဖထွက်လာတာစောလို့ထင်၏ ။နောက်တရက်ဆိုရင် သမီးရဲ့မွေးနေ့ပွဲကိုကျင်းပမှာဖြစ်လို့ မိသားစုစုံစုံလင်လင်ဖြစ်ပျော်စရာကောင်းနေမှာအသေချာပင် ။
မပြေလည်မှုတွေနဲ့ကင်းဝေးပြီး ကိုယ်စီနားလည်မှုယူကာ အမုန်းတရားမရှိပဲ ချစ်ခြင်းဖြင့်ပြန်လည်တည်ဆောက်ထားတဲ့ ခရီးတခုကို
သူတို့အတူတူလျှောက်လှမ်းရတော့မည်။ဂျောင်ဂု မျက်နှာထက်အပြုံးတွေဝေဆာနေပြီး အဝါရောင်sunglassesကိုအသာပင့်တင်လိုက်တယ် ။အနက်ရောင်sport shirt ကိုအောက်ခံဝတ်ကာ အပြင်ထပ်ကိုတော့ အနက်နဲ့အဝါရောဖောက်ထားတဲ့ ဂျင်းဝမ်းဆက်ကိုဝတ်ထားသည် ။အနည်းငယ်ပြန်ရှည်စပြုလာပြီဖြစ်တဲ့ ဆံပင်ကိုတော့သေသပ်စွာဖီးသင်ထားသည် ။ခန့်ညားတဲ့အသွင်နဲ့ ခုံပေါ်မှာခြေချိတ်ထိုင်ကာ သမီးကိုရင်ခွင်ထဲထည့်ပြီး ဧည့်ကြိုဘက်ကိုသာမျက်တောင်မခတ်ပဲကြည့်နေသညိ ။*ဟိုမှာ ဖေဖေလာပြီ....*
*အရမ်းမပြေးနဲ့ ....*
*ဒယ်ဒီအေနာက်ကအမြန်လိုက်လာခဲ့....*