စင်မြင့်ထက်မှာ လှပစွာကပြဖျော်နေတဲ့ ဘဲလေးကခြေသည်တယောက်။ထိုသူက ယောကျာ်းလေးတယောက်ဖြစ်ပြီး ရုပ်ရည်သည်လည်းအလွန်ကြည့်ကောင်းသည်။ ခန္ဓာကိုယ်ကို လိုရာပုံသွင်းပြီး ပေါ့ပါးစွာပနိုင်လို့ ကြည့်ရှု့သူတိုင်းပါးစပ်အဟောင်းသားဖြစ်ရသည်။ခြေဖျားကိုဘဲအားယူပြီးကရတဲ့ အကဖြစ်လို့ ဟန်ချက်မထိန်းနိုင်ရင် အချိန်မရွေးလဲကျသွားနိုင်သည်။
ဒါပေမယ့် ပတ်ခ်ဂျီမင် ဆိုတဲ့ကခြေသည်ကတော့ ပြိုင်စံရှားပါဘဲ။မိန်းကလေးနဲ့ယှဉ်ပြီးလည်း ကနိုင်လို့ တချို့သောသူတွေဆီကမနာလိုခြင်းခံရသည်။ပြိုင်ပွဲတွေမှာ ဆုတံဆိပ်များစွာရရှိခဲ့ပြီး နိုင်ငံကပါ အသိမှတ်ပြုထားတဲ့ အလှပဆုံးနဲ့ အတော်ဆုံးကခြေသည် တယောက်။
သူ့ဘဝမှာမဖြစ်နိုင်ဘူးဆိုတာမရှိဘူး။ဝါသနာပါတာကို တစိုက်မတ်မတ်လုပ်ခဲ့လို့ နာမည်ကျော်ခဲ့တယ်။မိဘနှစ်ပါး၏ထောက်ပံ့မှု့ကိုလည်း အပြည့်ဝရထားတော့ သူ့အတွက်ပြောမပြတက်လောက်အောင်ပျော်ရွှင်ခဲ့ရတယ်။အဖြူရောင်ဝတ်စုံကိုဝတ်ပြီး စင်မြင့်ထက်ကိုတက်ရတဲ့အချိန် က သူ့အတွက်ဘာနဲ့မှမလဲနိုင်တဲ့ နိဗ္ဗာန်ဘုံတစ်ခုလိုဘဲ။
*ပတ်ခ်ဂျီမင် ကတော့ပြိုင်ဘက်ကင်းဘဲ ဟေ့..ဒီပွဲမှာလည်း ဘယ်လိုသတ်ချဦးမလဲမသိဘူး ...*
*အရမ်းမြှောက်လွန်းနေပြီ ..ပွဲပြီးရင်တော့ ညစာလိုက်ကျွေးမှဖြစ်မယ်နဲ့တူတယ်....*
*အဲလိုစကားဘဲကြားချင်တာ....*
ဟား..ဟား..!
နားနေခန်းထဲမိတ်ကပ်နဲ့ဆံပင်ပုံစံကိုပြင်ဆင်နေတဲ့ ဂျီမင်ကမျက်ဝန်းလေးပိတ်ကျတဲ့အထိပြုံးရယ်လိုက်သည် ။သူ့အနားကမန်နေဂျာနဲ့ တခြားသောဝန်ထမ်းတွေက စိတ်ရင်းကောင်းကြသည် ။သူ့ကိုလည်း ချစ်ပေးပြီးအားပေးစကားအမြဲပြောသည် ။ပွဲရှိတဲ့နေ့တွေဆို စိတ်မလှုပ်ရှားအောင် ဟာသလေးတွေပြောေပးတက်သည် ။
ချွေးစတွေတွဲခိုနေတဲ့ နဖူးပြင်ကိုသုတ်ရင်း နောက်တစ်ပွဲဖျော်ဖြေဖို့ စိတ်အားထက်သန်နေသည် ။ခြေဖျားလေးထောက်ကာ ကကွက်တွေကိုမမေ့အောင်ပြန်လည်လေ့ကျင့်နေချိန် အခန်းထဲကိုရုတ်တရက်ဝင်လာတဲ့ လူတယောက်ကြောင့် သူဟန်ချက်ပျက်သွားသည်