11

1.1K 120 38
                                    

မူးနောက်စွာနဲ့နိုးထလာတဲ့မနက်ခင်းကသာယာမနေဘူး။ညကအရှိန်ကမပြေသေးတော့ ဦးခေါင်းကိုဖိနှိပ်ကာ ကျိန်းစပ်နေတဲ့မျက်ဝန်းကိုအတင်းအားယူပြီးဖွင့်လိုက်တယ်။မှန်ပြတင်းပေါက်ကနေကွက်ကြားတိုးဝင်လာတဲ့ နေရောင်အ‌စက်ပျောက်နဲ့အတူ အနက်ရောင်လိုက်ကာစကိုဆွဲဖွင့်လိုက်တော့ အလင်းရောင်အရှိန်နဲ့မျက်လုံးကိုအလျင်မြန်မှိတ်ချလိုက်သည် ။အပေါ်ပိုင်းဗလာဖြစ်နေတဲ့ သူ့ခန္ဓာကိုယ်က တညလုံးACဖွင့်ပြီးအိပ်နေတာကြောင့် အေးစက်နေသည် ။အတွင်းခံတထည်နဲ့ အိပ်နေကြဖြစ်လို့ တုတ်ခိုင်တဲ့ပေါင်လုံးတွေက မနက်ခင်းမှာအကြောပြိုင်းပြိုင်းထနေတယ် ။

ကုတင်ဘေးကစားပွဲပေါ်မှာတင်ထားတဲ့ဖုန်းကိုယူကြည့်လိုက်တော့မှ အချိန်လင့်နေပြီဆိုတာသိရတယ် ။တကိုယ်ရည်သန့်ရှင်းရေးမလုပ်ခင် ဂျီမင်ဆီဖုန်းဆက်ဖို့နံပါတ်ကိုနှိပ်လိုက်တော့ စက်ပိတ်ထားတာနဲ့တိုးသည် ။သူနဲ့ဘယ်လောက်ပဲ စကားများများ ဖုန်းပိတ်လေ့မရှိတဲ့ဂျီမင်က ယနေ့မှတော့ဘယ်နကြိမ်ပဲခေါ်ခေါ် ဆက်သွယ်လို့မရပေ ။

ရင်ထဲလှပ်ခနဲဖြစ်သွားပြီး နေမထိထိုင်မသာဖြစ်လာတယ် ။သမီးလေးနဲ့နှစ်ယောက်ထဲထားခဲ့ရလို့ စိတ်မချခြင်းပေါင်းများစွာနဲ့ နေ့ရက်တိုင်းကိုဖြတ်သန်းနေရတာ ။အခုလိုအဆက်သွယ်မရရင်ပိုပြီး စိတ်ပူရတယ် ။ဘာလုပ်လို့လုပ်ရမှန်းမသိဖြစ်နေ‌ေတာ့ ကုတင်ပေါ်ကပြေးဆင်းပြီး ရေချိုးခန်းထဲဝင်သွားလိုက်သည် ။ဘယ်အချိန် ဘယ်နေရာပဲဖြစ်ဖြစ် ဂျီမင်နဲ့ပတ်သတ်လာရင်တော့ ရောက်အောင်သွားတက်တဲ့သူ့အကျင့်အတိုင်း အခုလည်းအလောသုံးဆယ်လုပ်ကာ သွားဖို့ပြင်တော့သည် ။

ဒွီ.....!ဒွီ....!

*ဟယ်လို.....*

"ဟယ်လို ဂျောင်ဂု ဒီနေ့အလုပ်မလာဘူးလား...."

*အာ..ကျွန်တော်အိပ်ယာထနောက်ကျသွားလို့ မလာဖြစ်‌ေတာ့ဘူး ။ဒီနေ့ အရေးကြီးတဲ့အလုပ်ကိစ္စမရှိဘူးမလား....*

"မရှိတော့မရှိပေမယ့်....."

*ဒါဆို တာဝန်ကျေလိုက်ပါဦး ။မနက်ဖြန်မှ တွေ့မယ်  ...*

Ballerina (Completed)Where stories live. Discover now