7

1.3K 114 22
                                    

ကလေးမွေးပြီး3နှစ်အကြာမှာတော့ ဂျယ်ဝန်းကဆိုးလ်ကိုပြန်လာခဲ့သည်။ကလေးကမိန်းကလေးဖြစ်ပြီးချစ်စရာအလွန်ကောင်းသောကြောင့် သူ(မ)မှာချစ်မဝဖြစ်နေရသည်။သူ(မ)အတွက် အဖိုးမဖြတ်နိုင်တဲ့သမီးလေးဖြစ်လို့ အရာရာကိုရဲရဲဝံ့ဝံ့ရင်ဆိုင်သွားဖို့ ခွန်အားရှိလာသည်။Hajoonမရှိလည်း ဖြစ်တယ်ဆိုတဲ့စိတ်နဲ့ အားတင်းခဲ့ပြီး နိုင်ငံရက်ခြားမှာ သူ(မ)တစ်ယောက်ထဲ ကလေးကိုပြုစုအပျိုးထောင်ခဲ့တာ။

မိဘတွေသည်လည်း ဖုန်းနဲ့သာအဆက်သွယ်လုပ်ပြီး ကလေးမျက်နှာမြင်မှပြန်လာဖို့ကိုတိုက်တွန်းသည်။ကိုယ့်ဇာတိမြေလောက် ဘယ်နေရာမှာမှ နေမပျော်တာကြောင့် သူ(မ)လည်းမဆိုင်းမတွဘဲလာခဲ့တယ်။စကားတက်တဲ့သမီးလေးကလည်း မေမေတို့ကိုအတော်လေးချစ်ရှာသည်။မွေးကတည်းက သူစိမ်းတွေနဲ့ဘဲကြီးပြင်းလာရတာဆိုတော့ သွေးသားအရင်းတွေနဲ့ပိုပြီး ရင်းနှီးချင်ပုံဘဲ။စကားပြောတက်စအရွယ်ရောက်တော့ မေမေလို့ဘဲခေါ်ခဲ့ရပြီး ဖခင်ဆိုတာဘယ်လိုပုံစံလည်း မသိခဲ့ရဘူး။

သမီးလေးကိုအရမ်းသနားတာဘဲ။မိစုံ ၊ဖစုံနဲ့မနေရတာ ဘယ်လောက်တောင်အားငယ်နေလိုက်မလဲ။ကလေးက မပြောတက်ပေမယ့် စိတ်ထဲမှာတော့ ဝမ်းနည်းနေရှာမယ်။

*Agriooo...ငါတို့ကလေးလေးက ချစ်စရာကြီးပါလား။လာပါဦး ဖွားဖွားအနားကို....*

*သမီးအတွက်ဘာမုန့်ရှိလဲ ဖွားဖွား..*

*အမလေး အများကြီးရှိတာပေါ့။ဖွား မြေးကြိုက်တဲ့မုန့်တွေ ဝယ်ထားပေးတယ် ။ခရီးရောက်မဆိုက် ကလေးကမုန့်စားချင်နေပြီလား ....*

*မေမေကလမ်းမှာမကျွေးဘူးလေ။အိမ်ရောက်မှစားဆိုလို့...သမီးဗိုက်ကိုကြည့်ပါလား ပိန်ရှုံ့နေပြီ.....*

*ဟုတ်ပါရဲ့..ဂျယ်ဝန်းကိုတော့ ဖွား"ရိုက်မှရမယ်နဲ့တူတယ်။ကလေးဗိုက်ဆာနေတာကို မကျွေးဘူး....*

*ရိုက်နဲ့..!အီးဟီး..!မေမေ့ကိုမရိုက်နဲ့..!ဖွား"ကလူဆိုးကြီး......*

ပြုံးရွှင်နေတဲ့သမီးက မေမေ့စကားကြောင့်ချက်ချင်းဘဲငိုချတော့သည်။မိခင်ကိုအရမ်းခင်တွယ်တော့ တခုခုဆိုကာကွယ်ပေးချင်စိတ်ရှိတယ်။မေမေကသူ(မ)လက်မောင်းကို အသာလေးရိုက်ပြီး စနောက်နေတာကိုတကယ်ထင်သွားပြီး မျက်ရည်အရွဲသားဖြင့် ပြန်ပြောသည်။သူ(မ)တို့မှာ ရယ်ချင်‌ေပမယ့် သမီးလေး ပိုငိုသွားမှာစိုး၍ ရင်ခွင်ထဲထည့်ပြီး ချော‌့မြူရတော့သည်။

Ballerina (Completed)Where stories live. Discover now