စိုင်းမောင်ခြံဝန်းအကျယ်ကြီးရှေ့တွင်ကားရပ်လိုက်သည်။ ဆေးဖြူသုတ်ထားသည်အုတ်တံတိုင်းနှင့်အိမ်ကြီးကအနည်းငယ်အလှမ်းဝေးသည်။ကျယ်ဝန်းခန်းနားသည့်အိမ်ကြီးသည်စိုင်းမောင်အိမ်ထက်ပင်ပို၏။စိုင်းမောင်ကားဟွန်းတီးလိုက်တော့ခြံထဲကပန်းပင်တွေကြားကုန်းကုန်းကွကွလုပ်နေသည့်ဦးလေးကြီးရောက်လာကာခြံတံခါးဖွင့်ပေးသည်။
"ဘယ်သူနဲ့တွေ့ချင်လို့လဲကွယ့်"
"ကျွန်တော်ဦးနေယံနဲ့စကားပြောချင်ပါတယ် ဆံတို....အဲ....ရွှန်းရွှန်းရဲ့ကျူရှင်ဆရာလို့ပြောပေးပါခင်ဗျ"
"အေးအေး...ခဏစောင့်နော်လူလေး"
ဦးလေးကြီးအထဲ ပြန်ဝင်သွားလေပြီ။တံခါးပြန်ပိတ်ခဲ့ဖို့လည်းမမေ့ပါ။ဟုတ်ပါတယ်လေ.....သမီးမိန်းကလေးရှိတဲ့အိမ်ဆိုတော့ ထိုမျှထိဂရုပြုတာမဆန်း။
"ဝင်ခဲ့ပါလူလေး ဆရာတော့မရှိဘူးကွယ်.....အငယ်လေးတော့ရှိတယ် "
ဦးလေးကြီးကစကားတစ်တွတ်တွတ်ဆိုပြီး ခြံတံခါးဖွင့်ပေးသည်။ စိုင်းမောင်းကားကိုအိမ်ရှေ့ဆင်ဝင်အောင်ထိမောင်းနှင်လာလိုက်သည်။ဧည့်ခန်းထဲခြေချလိုက်ချင်း အိမ်ကြီး၏အပြင်အဆင်ခန်းနားမှုမှာ ပို၍သိသာလာသည်။ ကျွန်းလှေကားကြီးကဆင်းလာတဲ့ခြေထောက်ဖွေးဖွေးလေးကိုတွေ့တော့စိုင်းမောင်ပြုံးမိသည်အဲ့ဒါတစ်ခြားလူမဟုတ်ဘူးသူ့ကလေးမ။
"ဆရာ......"
"ရွှန်းရွှန်း အဖေရော......ကိုယ်က ကျူရှင်ချိန်လာဆွေးနွေးတာပါ"
"ဆရာဘယ်အချိန်အားလဲဗျ"
"ကိုယ်ကအတန်းပြီးတာနဲ့အားတယ် ရွှန်းလေးသာဘယ်အချိန်အားသလဲ"
"ရွှန်းက.....ညနေ၄နာရီ Eng ၅နာရီကသင်္ချာ ၆နာရီက chemist ၇နာရီ physic ၈နာရီ တော့လွတ်တယ် အဲ့အချိန်ဆရာ bioသင်ပေးမလား"
"အင်းအဆင်ပြေပါတယ်.....ဒါနဲ့ကျက်စာကရော "
"အဲ့ဒါမမကြည်ပြာနဲ့"
"အော....ကောင်းပြီ ဒါဖြစ်ရင်ကိုယ်မနက်ဖြန် ည ၈နာရီမှပြန်လာတော့မယ်ဟုတ်ပြီလား"
"အင်.....တစ်ခုခုစားသွားပါဦး "
"တော်ပြီငြုပ်သီးမကြိုက်ဘူး"
YOU ARE READING
မည်သူကပိုမည်နည်း
Romanceမောင့်ကိုမစွန့်လွှတ်နိုင်တဲ့ကျွန်မရယ် သစ္စာတရားကြီးမားလွန်းတဲ့မောင်ရယ် နောက်ဆုံးအချိန်ထိမောင့်ဘက်ကပဲရှိနေပေးတဲ့ထိုအမျိုးသမီးလေးရယ်ကျွန်မတို့သုံးယောက် ချစ်ခြင်းတွေသာပြိုင်ခဲ့လျှင် မည်သူကပိုမည်နည်း???